ချယ်ရီစက်ရုံအလုပ်သမားများ တင်ဆောင်လာသည့် ဖယ်ရီကား တိမ်းမှောက်မှုဖြစ်ပွားရာ အလုပ်သမားများထိခိုက်ဒဏ်ရာရရှိ


(ပြည်တွင်း) သြဂုတ် ၂

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ကုလားကြီးစုကျေးရွာ၊ (၃၃၃)ကားမှတ်တိုင်အနီးတွင် ယနေ့နံနက် ၈ နာရီအချိန်ခန့်က ချယ်ရီစက်ရုံအလုပ် သမားများ တင်ဆောင်လာသည့် ဖယ်ရီကား တိမ်းမှောက်မှုဖြစ်ပွားရာ အလုပ်သမားများထိခိုက်မှုရှိကြောင်း သိရသည်။

ဖြစ်စဥ်မှာ ယာဥ်မောင်း ဖြိုးထိုက်ဦး၊ အသက် ၂၇ နှစ်၊အမှတ် ခ/၂၂၆၊ ဆင်ဖြူရှင်လမ်း၊ အမှတ် (၉)ရပ်ကွက် မောင်းနှင်လာသော ဖြူပြာရောင်ယာဥ်မှာ သမကုန်း ဘက်မှ ဒဂုံဧရာအဝေးပြေးကားဝန်းဘက်သို့ ချယ်ရီစက်ရုံလုပ်သား အမျိုးသား/အမျိုးသမီး ၃၀ ကျော်ခန့် တင်ဆောင်မောင်းနှင်လာပြီး ၃၃၃ ကားမှတ်တိုင်အနီး တွင် ကားလမ်းကူးသူတစ်ဦးအား ရှောင်ထိမ်းရာမှ လက်ယာဘက်သို့ တိမ်းမှောက်သွားကြောင်း သိရသည်။

အဆိုပါ ယာဥ်တိမ်းမှောက်မှုကြောင့် ဒဏ်ရာရှိသူများအား လှိုင်သာယာပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကာဆေးကုသမှုလျက်ရှိကြောင်း ယာဥ်တိမ်းမှောက်မှုအား ကူညီဆောင်ရွက်ပေးသူများထံမှ​ သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN

ZN #SZ