YBS-35ယာဉ်နှင့်Princs Powerစက်ရုံမှ CANTER၆ဘီးယာဉ်တို့ ခေါင်းချင်းဆိုင်တိုက်မိသဖြင့်ကားပေါ်ပါသူများ ထိခိုက်ဒဏ်ရာရ


(ပြည်တွင်း) သြဂုတ် ၁

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့် တောင်ပိုင်းရပ်ကွက်၊ ပြည်လမ်းနှင့်ရွှေညောင်ပင် အမှတ်(၃)လမ်းခွဲ ဂစ်ဆိုင်ရှေ့ တွင် ယမန်နေ့ညနေ ၃ နာရီအချိန်ခန့်က YBS-35 ယာဉ်နှင့် Princs Powerစက်ရုံမှ CANTER ၆ ဘီးယာဉ်တို့ ခေါင်းချင်းဆိုင်တိုက်မိသဖြင့် ကားပေါ်ပါသူများ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ မော်တော်ယာဥ်ခေါင်းချင်းတိုက်မှုကြောင့် ကျား ၁ဝ ဦး မ ၂၅ ဦး ထိခိုက်ဒဏ်ရာအသီးသီးရရှိသဖြင့် ထောက်ကြန့်မီးသတ်စခန်း/ပုလဲအရန်မီးသတ်တပ်ဖွဲ့ ထောက်ကြန့်နယ်မြေရဲစခန်း/လူမှု့ပရဟိတယာဉ်များမှ အင်းစိန် ပြည်သူ့ဆေးရုံသို့လည်းကောင်း၊ မ ၉ ဦးအား မြောက်-ဉက္ကလာမေဓါဝီဆေးရုံသို့ ကျား ၁၀ ဦး၊ မ ၁၆ ဦးတို့အား ပို့ဆောင်ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ရွှေမင်းသမီးစက်ရုံမှ ယာဉ်မောင်း ဖြစ်သူ ကိုဇော်မျိုးအောင်သည် ဆေးရုံအရောက်တွင် ကွယ်လွန်သွားခဲ့ပြီး ကျား ၁ ဦး၊ မ ၂ ဦးတို့မှာ စိုးရိမ်ဖွယ်ရာရှိကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN

ZN #SZ