PDF များ၏ခြိမ်းခြောက်မှုကြောင့် မင်းတုန်းက ကျောင်းဆရာ/မနှင့်ကျောင်းသား/သူများပုန်းရှောင်နေရ


(ပြည်တွင်း) သြဂုတ် ၁

PDF အကြမ်းဖက်သမားများ ခြိမ်း​ခြောက်မှုကြောင့် မကွေးတိုင်းဒေသကြီး မင်းတုန်းမြို့နယ်ရှိ စာသင်ကြောင်းတစ်ချို့မှ ကျောင်းဆရာများနှင့် ကျောင်းသူ ကျောင်းသားများ ထွက်ပြေးပုန်းရှောင်နေရကြောင်း သိရသည်။

“မင်းတုန်းမြို့နယ် PDF တာဝန်ခံ ဖြိုးသူကျော်(ခ)ဗဟိန်း က ကျောင်းဖွင့်တာ မမြင်ချင်ဘူး၊ ‌ဆရာ၊ ဆရာမတွေ သတိထား ကျောင်းဆက်တက်နေရင် သေမယ်၊ မှတ်လောက်သားလောက်ရှိအောင် ဆရာ၊ ဆရာမ‌ထဲက နမူနာအနေနဲ့ လုပ်ပြအုံးမယ် လို့ခြိမ်းခြောက်ထားလို့ ကျောင်းတွေမဖွင့်ရဲဘူး”ဟု ဒေသခံတစ်ဦးမှ PAN ကိုပြောသည်။

မင်းတုန်း PDF မှ ပညာရေးဝန်ထမ်းများ၏ အသက်အန္တရာယ်အား ရန်ပြုခြိမ်း‌ခြောက်ထားသောကြောင့် အ.ထ.က ပန်းတော အပါအဝင် အခြေခံပညာ ကျောင်း (၁၀)ကျောင်းမှ ကျောင်းသား/သူ (၅၃၅) ဦး နှင့် ဆရာ၊ ဆရာမများသည် တာဝန်ကျကျောင်းများ၌ ကျောင်းမတက်ရဲတော့သည့်အတွက် နီးစပ်ရာဆွေမျိုးများ အိမ်တွင် ပုန်းရှောင်နေကြရ‌ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ (၁၅)ရက်နေ့ မနက်ပိုင်းတွင် မင်းတုန်းမြို့နယ်၊ ပန်းတောကျေးရွာနေ ဇန်းကျန်ကျေးရွာအုပ်စု၊ အုပ်စုစာရေး ဦးအေးအောင်(၅၅)နှစ်အား မင်းတုန်းမြို့နယ် PDF အဖွဲ့ မှ ထန်းညှောင့်တင်ကျေးရွာအနီးသို့ ဖမ်းဆီးခေါ်ဆောင်၍ အကြမ်းဖက်သတ်ဖြတ်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ ဇူလိုင်(၁၅)ရက်နေ့တွင် ဖြစ်ပွား‌ခဲ့သော အကြမ်းဖက်သတ်ဖြတ်မှု ဖြစ်စဉ်နောက်ပိုင်း၌ ယခုကဲ့သို့ ခြိမ်းခြောက်ပြောဆိုမှုများရှိလာသည့်အတွက် ကျောင်းသား ကျောင်းသူများနှင့် နိုင်ငံ့ဝန်ထမ်းများ အထူးသဖြင့် ပညာရေးဝန်ထမ်းများ ကြောက်ရွံ့နေကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN

#AMT #SZ