ဟားမတ်စ် အဖွဲအကြီးအကဲ အစ္စမေးဟားနီးယေး တီဟီရန်တွင် လုပ်ကြံခံရ


(နိုင်ငံတကာ) ဩဂုတ် ၁

ဟားမတ်စ်အကြီးအကဲ အစ္စမေးဟားနီးယေးသည် အီရန်နိုင်ငံမြို့တော် တီဟီရန်၌ လုပ်ကြံသတ်ဖြတ်ခြင်း ခံလိုက်ရကြောင်း အဆိုပါစစ်သွေးကြွအဖွဲ့က ဇူလိုင်လ ၃၁ ရက်တွင် ထုတ်ပြန်သည်။

အီရန် အစ္စလာမ်မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့၏ထုတ်ပြန်ချက်အရ အစ္စမေးဟားနီးယေးနှင့်လုံခြုံရေးမှူးတစ်ဦးသည် ဇူလိုင်လ ၃၁ ရက် အစောပိုင်းတွင် လုပ်ကြံ သတ်ဖြတ်ခံရခြင်းဖြစ်ပြီး ဟားမတ်စ်အဖွဲကမူ အဆိုပါလုပ်ကြံမှုသည် အစ္စရေးတို့၏ လက်ချက်ဖြစ်ကြောင်း ပြောကြားထားသည်။

ဟားနီးယေးသည် အီရန်သမ္မတသစ်၏ ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားသို့တက်ရောက်ပြီးနောက် ၎င်း၏နေအိမ်၌ လုပ်ကြံခံရခြင်းဖြစ်ကြောင်း ဟားမတ်စ်အဖွဲ့က ဆက်လက်ပြောကြားသည်။

အဆိုပါ လုပ်ကြံမှုကို အီရန်နိုင်ငံက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သိရသည်။ ဟားနီးယေးသည် ဟားမတ်စ်အဖွဲ၏ ပေါလစ်ဗျူရိုအကြီးအကဲဖြစ်ပြီး ၎င်းလုပ်ကြံခံရမှုအပေါ် အီရန်၊ ကာတာ၊ တူကီယဲနှင့်ယီမင်နိုင်ငံတိုက ဝေဖန်ပြောကြားထားသည်။

ဟားနီးယေး လုပ်ကြံခံရခြင်းသည် အီရန်နှင့် ပါလက်စတိုင်းတို့ကြား ဆက်ဆံရေးကို ပိုမိုခိုင်မာလာစေကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ ထို့ပြင် ယခုဖြစ်ရပ်မှာ နိုင်ငံတကာဥပဒေကို ချိုးဖောက်ခြင်းဖြစ်ပြီး ဒေသတွင်းအန္တရာယ်ရှိသော တင်းမာမှု ဖြစ်သည်ဟု သဘောထားကြောင်း ကာတာနိုင်ငံခြား ရေးဝန်ကြီးဌာနကလည်း ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

အလားတူပင် အစ္စရေးနိုင်ငံသည် ငြိမ်းချမ်းရေးလမ်းစဉ်ကို ရှာဖွေခြင်းမရှိကြောင်း၊ ပဋိပက္ခများပိုမို မကြီးထွားမီ အန္တရာယ်ဖြစ်ပေါ်စေမည့် ဆောင်ရွက်ချက်များကို ရပ်တန့်သင့်တယ်လို တူကီယဲနိုင်ငံက တိုက်တွန်းထားကြောင်း Sputnik သတင်းဌာနတွင် ဖော်ပြထားသည်။

Telegram»…
https://t.me/positiveanglenews

PAN

SZ