ဟားမတ်စ်နိုင်ငံရေးခေါင်းဆောင် အစ္စမေးလ်ဟန်နီယာ အလောင်းအား အီရန်မြို့တော်တွင် လှည့်လည်


(နိုင်ငံတကာ) ဩဂုတ် ၁

ဟားမတ်စ်နိုင်ငံရေးခေါင်းဆောင် အစ္စမေးလ်ဟန်နီယာ၏ ရုပ်အလောင်းအား အီရန်မြို့တော် တီဟီရန်တွင် စီတန်းလှည့်လည်ပြသခဲ့သည်။

၎င်း၏ ရုပ်အလောင်းနှင့်အတူ ကိုယ်ရံတော်များ၏ ရုပ်အလောင်းများလည်း ပါဝင်လှည့်လည်ခဲ့ကြပြီး ထောင်နဲ့ချီသည့် လူအုပ်ကြီးမှာ လမ်းမများပေါ်တွင် ဝမ်းနည်းကြောင်းပြသခဲ့သည်။

အဆိုပါ စီတန်းလှည့်လည်မှုသည် တီဟီရန်တက္ကသိုလ်မှ တီဟီရန်တက္ကသိုလ်မှ Azadi ရင်ပြင်အထိ သယ်ဆောင်လှည့်လည်မည်ဖြစ်ကြောင်းသိရသည်။

အီရန်နိုင်ငံက အစ္စမေးလ်ဟန်နီယာလုပ်ကြံသတ်ဖြတ်ခံရခြင်းနှင့်ပတ်သက်၍ အီရန်နိုင်ငံ၏ မြို့တော်တွင် ဖြစ်ပွားခဲ့ခြင်းကြောင့် လက်တုန့်ပြန်သွားမည်ဟု ထုတ်ပြန်ထားသည်။

Telegram»…
https://t.me/positiveanglenews

PAN

AMK #SZ