သဘာဝ ပဋိဇီဝဆေးများ (အပိုင်း ၁)


(ကျန်းမရေး) ဩဂုတ် ၁

ကြက်သွန်ဖြူဟာ သဘာဝ ပဋိဇီဝဆေးဖြစ်ပြီး antiviral နဲ့ antifungal ဂုဏ်သတ္တိများရှိပါတယ်။ ၎င်းဟာ ဗိုင်းရပ်စ်ပိုး ကူးစက်မှု နဲ့ မှိုရောဂါကူးစက်မှုများကို တိုက်ထုတ်နိုင်ပါတယ်။ ၁၉၉၉ ခုနှစ်က လေ့လာမှုတစ်ခုအရ ကြက်သွန်ဖြူမှာ allicins ဟုခေါ်တဲ့ sulfur ဒြပ်ပေါင်းများ ပါဝင်ကြောင်း တွေ့ရှိခဲ့ပါတယ်။

Allicins က သဘာဝပဋိဇီဝဆေးများအဖြစ် လုပ်ဆောင်ပါတယ်။ ဒါ့အပြင် ကြက်သွန်ဖြူမှာ ပိုးမွှားတွေကို သေစေနိုင်တဲ့ အစွမ်းရှိတာကြောင့် ခန္ဓာကိုယ်အတွက် အကျိုးပြုတဲ့ ဗီတာမင်၊ သတ္တုဓာတ်နဲ့ အာဟာရဓာတ်တွေ အများအပြားလည်း ပါဝင်ပါတယ်။ ကြက်သွန်ဖြူဟာ ကယ်လိုရီနည်းပေမယ့် မဂ္ဂနိစ်၊ ဗီတာမင် B6 နဲ့ ဗီတာမင် C ကြွယ်ဝစွာ ပါဝင်ပါတယ်။ ဒါ့အပြင် သံဓာတ်၊ ဗီတာမင် B1၊ phosphorus၊ ပိုတက်စီယမ်နဲ့ ကြေးနီဓာတ်တွေလည်း များပြားစွာပါဝင်ပါတယ်။

ကြက်သွန်ဖြူက အူလမ်းကြောင်းမှာရှိတဲ့ ကပ်ပါးပိုးတွေကို သေအောင် ကူညီပေးနိုင်ပါတယ်။ အဲ့ဒါကြောင့် တစ်နေ့ကို ကြက်သွန်ဖြူ ၂ မွှာ ကနေ ၃ မွှာခန့် စားပေးပါ။ ဟင်းချက်တဲ့အခါမှာလည်း ကြက်သွန်ဖြူကိုလည်း ထည့်သုံးပေးပါ။

ပျားရည်ဟာ ၎င်းရဲ့ antimicrobial နဲ့ အနာကျက်စေတဲ့ ဂုဏ်သတ္တိများအတွက် ဆေးဝါးများမှာလည်း အသုံးပြုတတ်ကြပါတယ်။ ၎င်းသည် ရောင်ရမ်းမှုကို ဆန့်ကျင်ပြီး ပိုးသတ်ဆေး အဖြစ်လည်း လုပ်ဆောင်နိုင်ပါတယ်။ ဒါ့အပြင် ပျားရည်က ရောဂါပိုးများကို တိုက်ဖျက်နိုင် ပါတယ်။

ပျားရည်ရဲ့ antimicrobial အာနိသင်ကို ရရှိရန်အတွက် အစိမ်းနဲ့ အော်ဂဲနစ်ဖြစ်တဲ့ ပျားရည်ကို ရွေးချယ်သင့်ပါတယ်။ Manuka ပျားရည်လည်း ကောင်းပါတယ်။ S. pyogenes ပိုးကူးစက်ခံရတဲ့ ဒဏ်ရာများကို ကုသရာမှာလည်း အထူး အထောက်အကူပြုပါတယ်။

ကိုယ်ခံအားစနစ်ကို ကျန်းမာစေဖို့ အတွက် ပျားရည်နဲ့ သစ်ကြံပိုးခေါက်မှုန့်ကို ပမာဏအညီအမျှ ရောစပ်ပြီး တစ်နေ့ကို တစ်ကြိမ် စားသုံးပေးပါ။ ဒါပေမယ့် အသက်တစ်နှစ်အောက် ကလေးငယ်များကို ပျားရည်ကို ဘယ်တော့မှ မကျွေးသင်ပါဘူး။ ဒါဟာ botulism ဖြစ်နိုင်ချေ များတာကြောင့် ဖြစ်ပါတယ်။

Oregano/Oreganum ဟုခေါ်တဲ့ မွှေးကြိုင်တဲ့ ဆေးဖက်ဝင်အပင်တစ်မျိုးဖြစ်ပြီး ဟင်းတွေကို အရသာကောင်းမွန်စေရန်အတွက်လည်း ထည့်သုံးကကြပါတယ်။ ၎င်းဟာ ဥရောပတိုက်က ဇာတိဖြစ် သော်လည်း နိုင်ငံတော်တော်များများမှာလည်း ပေါက်ပါတယ်။ Oregano မှာ phenols အပါအဝင် အစွမ်းထက်တဲ့ ဒြပ်ပေါင်းများစွာလည်း ပါဝင်ပါတယ်။

ဒီ phenols များက free radicals များကို တိုက်ဖျက်ရန်အတွက် antioxidants များအဖြစ် လုပ်ဆောင်တဲ့ သဘာဝ phytochemical ဒြပ်ပေါင်းများ ဖြစ်ပါတယ်။ Oregano တွင် antibacterial terpenes နဲ့ အခြား ရောဂါများကို တိုက်ဖျက်နိုင်တဲ့ အရာ များစွာပါဝင်ပါတယ်။

ဒါ့အပြင် ဗီတာမင် A၊ C နဲ့ E၊ ကယ်လ်စီယမ်၊ မဂ္ဂနီဆီယမ်၊ ဇင့်၊ သံဓာတ်၊ ပိုတက်စီယမ်၊ မန်းဂနိစ်၊ ကြေးနီ၊ ဘိုရွန်နဲ့ နိုင်ယာစင် စတဲ့ အာဟာရဓာတ်များလည်း ပါဝင်တယ်။ Oregano အဆီတွင် ဘက်တီးရီးယားပိုးကူးစက်ခြင်း၊ မှိုရောဂါကူးစက်ခြင်းနဲ့ ဗိုင်းရပ်စ်ပိုးကူးစက်ခြင်း တို့ကို တိုက်ထုတ်ရန် အတွက်လည်း ဆေးဖက်ဝင်ပါတယ်။

သံလွင်ရွက်မှာ antioxidant၊ antiatherogenic၊ anti-inflammatory၊ hypocholesterolemic၊ hypoglycemic နဲ့ anti-hypertensive ဂုဏ်သတ္တိများပါရှိတဲ့ bioactive ဒြပ်ပေါင်းများစွာပါဝင်ပါတယ်။ ၎င်းက ကိုယ်ခံအားနဲ့ နှလုံးသွေးကြောစနစ် နှစ်ခုလုံးကို အကျိုးပြုပါတယ်။

သံလွင်ရွက်ပြုတ်ရည်က သွေးတွင်းသကြားဓာတ်ကို တည်ငြိမ်စေပြီး ဆီးချိုရောဂါကို ထိန်းချုပ်ရန်အတွက်လည်း ကောင်းပါတယ်။ သံလွင်ရွက်တွင် ပါဝင်တဲ့ oleuropeinဟာ ဗိုင်းရပ်စ်ပိုး၊ ဘက်တီးရီးယားနဲ့ မှိုကို သတ်ပေးတဲ့ ဂုဏ်သတ္တိများပါရှိတဲ့ polyphenol ဖြစ်ပါတယ်။ လေ့လာချက်များအရ သံလွင်ရွက် extract ရဲ့ထိရောက်မှုက တချို့အစားအစာများထဲက ဘက်တီးရီးယားများစွာကို တိုက်ဖျက်နိုင်ခဲ့ပါတယ်။

နနွင်းမှာ antibiotic အင်္ဂါရပ်တွေအပြင် ရောင်ရမ်းမှုတွေကိုလည်း ဆန့်ကျင်ပေးပါတယ်။ ကင်ဆာရောဂါကိုလည်း တိုက်ဖျက်နိုင်စွမ်းလည်း ရှိပါတယ်။ Helicobacter pylori ကို ဆန့်ကျင်နိုင်တဲ့ အကျိုးသက်ရောက်မှုများရှိပါတယ်။ ၎င်းဟာ အစာအိမ်အနာဖြစ်စေတဲ့ ဘက်တီးရီးယားတစ်မျိုး ဖြစ်ပါတယ်။

ဆေးဖက်ဆိုင်ရာမှာ echinacea ကို အသုံးပြုနိုင်ပါတယ်။ တချို့လူတွေက အဲ့ဒီ echinacea အပင်များရဲ့ အမြစ်၊ အရွက်နဲ့ အပွင့်များကို အသုံးပြုကြပါတယ်။ Echinacea ကို septicemia (သွေးလမ်းကြောင်းပိုးဝင်ခြင်း)၊ အာသီးရောင်ခြင်း၊ streptococcus နဲ့ ဆီးလမ်းကြောင်းပိုးဝင်ခြင်းစတဲ့ ကူးစက်ရောဂါ အမျိုးမျိုးကို ထိရောက်စွာကုသရာမှာ အသုံးပြုပါတယ်။

ရောဂါပိုးမွှားကူးစက်ခြင်းမှ ကင်းဝေးစေရန်အတွက် တစ်နေ့ကို echinacea လက်ဖက်ရည် တစ်ခွက် သို့မဟုတ် နှစ်ခွက်သောက်ပေးပါ။ 300mg ရှိတဲ့ echinacea ဆေးကို တစ်နေ့ကို နှစ်ကြိမ် သို့မဟုတ် သုံးကြိမ် သောက်ပေးလည်း ရပါတယ်။ ဒါပေမယ့် ဆေးဝါးတစ်ခုခုကို မသောက်မီ သင့်ဆရာဝန်နဲ့ အရင်သေချာတိုင်ပင်သင့်ပါတယ်။ ဒါ့အပြင် echinacea အပင် က autoimmune ချို့ယွင်းနေသူများ အတွက်လည်း မသင့်လျော်ပါ။

သစ်ကြံပိုးခေါက်ကို ဟင်းချက်တဲ့ အခါမှာ ဟင်းခတ်အမွှေးအကြိုင်အဖြစ် အသုံးပြုပါတယ်။ သစ်ကြံပိုးခေါက်မှာ ဘက်တီးရီးယားပိုးသတ်နိုင်တဲ့ ဂုဏ်သတ္တိများရှိပါတယ်။ ပျားရည်နဲ့ ပေါင်းစပ်ပြီး အသုံးပြုတဲ့ အခါမှာ ၎င်းတို့က ရောဂါပိုးများကို တိုက်ဖျက်ပေးနိုင်ပါတယ်။

နေ့စဉ် ပျားရည်နဲ့ သစ်ကြံပိုးခေါက်ကို တွဲပြီးသစားသုံးပါက ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်ပိုးမွှားများ ကနေ ကာကွယ်နိုင်ပါတယ်။ ဒါ့အပြင် ရောဂါပိုးများကို တိုက်ထုတ်တဲ့ သွေးဖြူဥများကို အားကောင်း စေရန်လည်း ကူညီပေးပါတယ်။ ပျားရည်နဲ့ သစ်ကြံပိုးခေါက်က ချောင်းဆိုးတာတွေ၊ အအေးမိတာတွေနဲ့ ဆီးအိမ်ပိုးဝင်တာတွေကို သက်သာစေနိုင်ပါတယ်။ ၎င်းတို့က သွားကိုက်ဝေဒနာကို သက်သာစေတဲ့အပြင် အရေပြားပိုးဝင်ခြင်းကိုလည်း ကုသပေးနိုင်ပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN

#SZ