မြစ်သားမြို့နယ်၊ ချင်းရွာကျေးရွာ အုပ်ချုပ်ရေးမှူးအား အကြမ်းဖက်သမား ၂ ဦးက သေနတ်ဖြင့်ပစ်ခတ် သတ်ဖြတ်


(ပြည်တွင်း) သြဂုတ် ၁

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်၊ ချင်းရွာကျေးရွာနေ ကျေးရွာအုပ်ချုပ်ရေးမှုး ၁ ဦးအား အကြမ်းဖက် PDF အဖွဲ့ဝင် ၂ ဦးမှ သေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ်သွားကြောင်း သိရသည်။

ဖြစ်စဥ်မှာ ယနေ့ မွန်းလွဲ ၁ နာရီ ၃၃ မိနစ်အချိန်ခန့်က ချင်းရွာအုပ်ချုပ်ရေးမှူးဖြစ်သူ ဦးဝင်းမောင်၊ အသက် ၇၂ နှစ်၊(ဘ)ဦးချစ်စိန်(ပြည်ခိုင်ဖြိုးပါတီ ရပ်ကျေး ဥက္ကဌ)သည် မြစ်သားမြို့မှ နေအိမ်သို့ ဆိုင်ကယ်ဖြင့် တစ်ဦးတည်းပြန်လာစဥ် ချင်းရွာကျေးရွာသွား ရေမြောင်း ဘောင်လမ်း(မန်းကျီးစင်ပြွန်)အရောက် တွင် အကြမ်းဖက် သမား ၂ ဦး၊ ဆိုင်ကယ်ဖြင့် နောက်မှလိုက်ပါလာကာ သေနတ်ဖြင့် ၂ ချက်ခန့် ပစ်ခတ်ပြီး ထွက်ပြေးသွားခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက် အရ သိရသည်။

အဆိုပါ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ဦးဝင်းမောင်တွင် ဝဲ-ပါး ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝဲဘက်လက်ပြင် ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ရရှိခဲ့ပြီး အခင်းဖြစ် နေရာတွင် သေဆုံးသွားကြောင်း သိရှိရသည်။

Telegram»…
https://t.me/positiveanglenews

PAN

ZN #SZ