မောင်တောမှာ တိုင်ပွဲတွေ ပြင်းထန်နေတဲ့ကြားက ARSA ပစ်ခတ်လို့ အရပ်သား ၅ ဦးသေ၊ ၂ ဦးဒဏ်ရာရ


(ပြည်တွင်း) သြဂုတ် ၁

ရခိုင်ပြည်၊ မောင်တောမြို့နယ်မှာ တိုက်ပွဲတွေပြင်းထန်နေတဲ့ကြားက အရပ်သားကားတစ်စီးကို ARSA အဖွဲ့က ခြုံခိုပစ်ခတ်ခဲ့လို့ အရပ်သားဒေသခံ ၅ ဦးသေဆုံးပြီး ၂ ဦး ပြင်းထန်ဒဏ်ရာရှိသွားတယ်လို့ သိရပါတယိ။

ဇူလိုင်လ ၃၁ ရက်နေ့ ညနေ ၅ နာရီခွဲခန့်က ဘူးသီးတောင်ဘက်ကနေ မောင်တောကြိမ်ချောင်းဘက်ကို ဈေးလာဝယ်တဲ့ ကားတစ်စီးကို ARSA အဖွဲ့က သေနတ်နဲ့ ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ရခိုင်အခြေစိုက် မီဒီယာတွေရဲ့ ရေးသားချက်တွေအရ သိရပါတယ်။

အဲဒီစျေးကားပေါ်မှာ ဘူးသီတောင်မြို့ခံ စစ်ဘေးရှောင် ကျား ၆ ဦး၊ မ ၁ ဦး လိုက်ပါလာပြီးမောင်တောမြို့နယ် ရွှေတောင်ကျေးရွာနှင့် ကျီးကန်းပြင်တောင်ရွာကြား၊ ၃မိုင် – ကျီးကန်းပြင် ကားလမ်းမပေါ်မှာ ပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

သေဆုံးသွားသူတွေမှာ ဘူးသီတောင်မြို့၊ အမှတ် (၄) ရပ်ကွက်က အသက် ၃၅ နှစ်အရွယ် ဦးဇော်ဇော်မင်း၊ အသက် ၂၅ နှစ်အရွယ် ကိုအောင်မြတ်စံ၊ အသက် ၂၅ နှစ်အရွယ် ကိုအောင်မျိုးစံ၊ အရွယ် ဦးကျော်မင်း ၅၅ နှစ်နဲ့ အသက် ၅၅ နှစ်အရွယ် ဒေါ်စိန်လှဖြူတို့ဖြစ်ပြီး ဒဏ်ရာသွားသူတွေမှာ အသက် ၂၇ နှစ်အရွယ် ဦးမျိုးသန်းရှိန်နဲ့ အသက် ၄၄ နှစ်အရွယ် ဦးမောင်မောင်ချေတို့ ဖြစ်တယ်လို့ သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN

MTM #SZ