ပြည်သူ့စစ်စခန်းရိက္ခာပို့စစ်ကြောင်းနှင့် PDF များထိတွေ့တိုက်ပဲဖြစ်ပွား နှစ်ဖက်သေဆုံးမှုရှိ


(ပြည်တွင်း) သြဂုတ် ၁

မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ ဆင်မရဲကျေးရွာ ပြည်သူ့စစ်စခန်းသို့ ရိက္ခာနှင့် လက်နက်ခဲယမ်း ပို့ရန်လာသော လုံခြုံရေးစစ်ကြောင်းနှင့် PDF များ ဇူလိုင် ၃၀ ရက်နေ့က ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည့်အတွက် နှစ်ဖက်သေဆုံးမှုရှိကြောင်း သိရသည်။

ပြည်သူ့စစ်စခန်းသို့ ရိက္ခာနှင့် လက်နက်ခဲယမ်းများ ပို့ရန်လာသော လုံခြုံရေးစစ်ကြောင်းသည် ယင်းနေ့ နံနက်ပိုင်း၌ ကိုရင့်ကျွန်းရွာအရောက်တွင် PDF များနှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည့်အတွက် ပြည်သူ့စစ် ၁ ဦး သေဆုံး၊ တပ်ဖွဲ့ဝင် ၁ ဦး ထိခိုက်ဒဏ်ရာရရှိပြီး အကြမ်းဖက် PDF ၁ လောင်းနှင့် ဗုံးသီးအချို့ ရရှိခဲ့ကြောင်း သိရသည်။

လုံခြုံရေးစစ်ကြောင်းနှင့် ဟသာ်၊ ဆင်မရဲ ပြည်သူ့စစ်စခန်းတို့အား ရေစကြိုမြို့နယ် တောင်ဘက်အခြမ်းရှိ PDF များမှ သာလွန်အင်အားဖြင့် တိုက်ခိုက်ရန် မြေပြင်သတင်းများလည်းရှိနေကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN

AMT #SZ