ကျပ်နှစ်သောင်းတန်ကို လူထုကြား ဖြန့်ဝေရန်မရှိ


(ပြည်တွင်း) သြဂုတ် ၁

ကျပ်နှစ်သောင်းတန် ငွေစက္ကူအသစ်တွေကို ပြည်သူလူထုအကြားဖြန့်ဝေသွားဖို့ မရှိကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ဖြေကြားထားပါတယ်။

လက်ရှိမှာတော့ ပြည်သူလူထုအကြား ကျပ်နှစ်သောင်းတန်ငွေစက္ကူအသစ်တွေ ပြည်သူတွေအကြားမှာ ပမာဏများစွာနဲ့ လည်ပတ်သုံးစွဲနေကြောင်း သတင်းတွေ ထွက်ပေါ်နေတဲ့အပေါ် မေးမြန်းရာမှာ ပြန်လည်ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

ကျပ်နှစ်သောင်းတန်ငွေစက္ကူအသစ်တွေကိုတော့ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဇူလိုင် ၃၁ ရက်က စတင်ကာ အကန့်အသတ်နဲ့ စတင်ထုတ်ဝေလိုက်တာဖြစ်ပြီး အများပြည်သူ ကို ဟောင်းနွမ်းငွေစက္ကူတွေနဲ့ လဲလှယ်ပေးနေတာ ဖြစ်ပါတယ်။

ကျပ်နှစ်သောင်းတန် ငွေစက္ကူအမျိုးအစားအသစ်ကို လဲလှယ်ပေးတာကတော့ ဟောင်းနွမ်းငွေစက္ကူ ကျပ် ၁၀ သိန်း မှ ကျပ်သိန်း ၃၀ ထိဆိုရင် ကျပ်နှစ်သောင်းတန် ၁ ရွက်၊ ကျပ်သိန်း ၃၀ အထက်မှ ကျပ်သိန်း ၆၀ အထိဆိုရင် ကျပ်နှစ်သောင်းတန် ၂ ရွက် နဲ့ ကျပ်သိန်း ၆၀ အထက်မှ ကျပ်သိန်း ၁၀၀ အထိဆိုရင် ကျပ် နှစ်သောင်း တန် ၃ ရွက် ထည့်သွင်းလဲလှယ်ပေးနေတယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် ငွေကျပ် ၂၀၀၀၀ တန် ငွေစက္ကူမှာ အလုံးအရင်းနဲ့ ထုတ်တဲ့ ငွေစက္ကူမဟုတ်ဘဲ အထိမ်းအမှတ်အနေနဲ့ အကန့်အသတ်နဲ့သာ ထုတ်ဝေတဲ့ ငွေစက္ကူ ဖြစ်တာ ကြောင့် ငွေရေးကြေးရေးစျေးကွက်ထဲမှာ ငွေစက္ကူ အသစ် ကျပ် ၂၀၀၀၀ တန်တွေ အလုံးအရင်းနဲ့ ဝင်လာမှာမဟုတ်ဘူးလို့ နစက သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောကြားထားပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN

SZ