အကျဥ်းကျခံ NLD အစိုးရဝန်ကြီးဟောင်း တစ်ဦး ဆေးကုသမှုခံယူနေရ


(ပြည်တွင်း) ဇူလိုင် ၃၁

မဲမသမာမှုပြုလုပ်ခဲ့သည့် NLD အစိုးရ၏ လျှပ်စစ်၊ စွမ်းအင်ဝန်ကြီးဟောင်း တစ်ဦးဆေးကုသမှုခံယူ‌နေရကြောင်း စုံစမ်းသိရသည်။

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ အိုးဘိုရွှေကျင်ရပ်ကွက်၊ အကွက်(၄၀)ရှိ မန္တလေးဗဟိုအကျဉ်းထောင်တွင် အကျဥ်းကျခံနေရသည့် NLD အစိုးရ၏ ပြည်ထောင်စုဝန်ကြီးဟောင်း ဦးဝင်းခိုင်(လျှပ်စစ်၊စွမ်းအင်) အမှတ်(၅၄၅၅)၊ ပဲခူးလမ်း၊ ဥတ္တရသီရိမြို့နယ်၊ နေပြည်တော်နေသူအား ယမန်နေ့ မွန်းတည့် ၁၂ နာရီ ၂၅ မိနစ်အချိန်ခန့်က မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးသို့ ဆေးကုသရန် ပို့ဆောင်ပေးထားကြောင်း သိရသည်။

အကျဉ်းသား ဝင်းခိုင်သည် အူမကြီး အလုံးအကျိတ်တည်ခြင်းနှင့် အစာအိမ်ရောဂါ ခံစားနေရသဖြင့် မန္တလေးဆေးရုံကြီး၊ ဖျားနာဆောင်(၃)၊ (၂)လွှာ၊ အခန်း(၁၀)သို့ ပို့ဆောင်ခဲ့ပြီး အထူးကုဆရာဝန်ကြီးမှ လိုအပ်သော ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ပေးကာ ဆေးရုံတက်ရောက်ကုသမှု ခံယူစေလျှက်ရှိကြောင်း သိရသည်။

မဲမသမာမှုပြုလုပ်ခဲ့သည့် NLD အစိုးရ၏ ပြည်ထောင်စုဝန်ကြီးဟောင်း(လျှပ်စစ်နှင့် စွမ်းအင်)ဦးဝင်းခိုင်သည် မန္တလေးအကျဥ်းထောင်၌ မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်ရုံး၏ ရာဇဝတ်ကြီးမှုအမှတ်- ၃၈၊ ၃၉၊၄၀/၂၀၂၁၊ အဂတိ- ၅၅ နှင့် ရာဇဝတ်ကြီးမှုအမှတ်-၁၆၊ ၁၇၊ ၁၈၊ ၁၉၊ ၂၂၊ ၂၃၊ ၂၄၊ ၂၅/၂၀၂၂၊ အဂတိ-၅၅ အရ ပြစ်ဒဏ် ၂၇ နှစ်၊ ၈ လ ပြစ်ဒဏ်ကျခံလျှက်ရှိကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN

ZN #SZ