ဟားမတ်စ်နိုင်ငံရေးခေါင်းဆောင် အီရန်တွင်လုပ်ကြံခံရ


(နိုင်ငံတကာ) ဇူလိုင် ၃၁

ဟားမတ်စ်နိုင်ငံရေးခေါင်းဆောင် အစ္စမေးလ် ဟာနီရတ်သည် အီရန်နိုင်ငံတွင် လုပ်ကြံမှု ခံခဲ့ရကြောင်းသိရသည်။

အီရန်သမ္မတသစ် ကျမ်းကျိန်ပွဲသို့ တက်ရောက်ရန် အီရန်နိုင်ငံ၊ တီဟီရန်သို့ ရောက်ရှိနေသည့် အစ္စမေးလ်သည် တည်းခိုခန်းတစ်ခုတွင် လုပ်ကြံခံခဲ့ရကြောင်းသိရသည်။

အစ္စမေးလ်ဟာနီရတ်နှင့်အတူ ၎င်း၏သက်တော်စောင့်အဖွဲ့တစ်ဖွဲ့လုံး လုပ်ကြံခံခဲ့ရကြောင်းသိရသည်။

ဟားမတ်စ်ခေါင်းဆောင်အားလုပ်ကြံမှုသည် စစ်ပွဲကို ပိုမိုကျယ်ပြန့်လာစေမည်ဖြစ်ကြောင်း တူရကီကပြောဆိုထားသည်။

Telegram»…
https://t.me/positiveanglenews

PAN

AMK #SZ