ရွေးကောက်ပွဲတွင် ထရမ့်နိုင်လျှင် NATO တပ်ဖွဲက ယူကရိန်းသို ပံ့ပိုးမှုရပ်တန့်နိုင်ဟုဆို


(နိုင်ငံတကာ) ဇူလိုင် ၃၁

အမေရိကန် သမ္မတရွေးကောက်ပွဲတွင် ရီဘတ်ဘလီကန်ပါတီမှ ရွေးကောက်ပွဲဝင် ကိုယ်စားလှယ် ဒေါ်နယ်ထရမ့် သာ အနိုင်ရလျှင် NATO တပ်ဖွဲ့က ယူကရိန်းသို့ ပံ့ပိုးမှုရပ်တန့်နိုင်ကြောင်း Politico သတင်းဌာနက ဖော်ပြထားသည်။

အမေရိကန်နှင့်အပေါင်းအပါများသည် ရုရှား က ယူကရိန်းနိုင်ငံအတွင်း အထူးစစ်ဆင်ရေး ဆင်နွှဲပြီး မကြာမီမှာပင် ယူကရိန်းနိုင်ငံအပေါ် ဘက်ပေါင်းစုံမှထောက်ပံ့မှု များ ပေးလာခြင်းဖြစ်သည်။

သို့သော် အမေရိကန် ရွေးကောက်ပွဲ၌ ဒေါ်နယ်ထရမ့်အနိုင်ရလျှင် NATO အဖွဲ့ဝင်နိုင်ငံများသည် ရုရှားကို အသာပေးသည့် ဖြေရှင်းမှုကို မဖြစ်မနေ လက်ခံရမည့် အနေအထားရှိသည်ဟု Politico သတင်းဌာန၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် NATO တပ်ဖွဲ့ဝင်နိုင်ငံများကြား သဘောထားကွဲလွဲမှုများကိုလည်း ဖြစ်ပေါ်စေမည်ဖြစ်ကာ ယင်းမှတစ်ဆင့် အဖွဲ့ဝင်နိုင်ငံအချို က ယူကရိန်းအပေါ်ထောက်ပံ့မှု ရပ်တန့်လာစေနိုင်မည်ဟု သတင်းဌာန က ရေးသားထားသည်။

အလားတူ ယူကရိန်းကို လက်နက်များ ထောက်ပံ့ပေးနေသော နိုင်ငံများအပေါ် ရုရှား က လက်တုံပြန်မှုများ လုပ်ဆောင်လာလျှင် အမေရိကန် မပါစေရေးအတွက် ထရမ့်သာ သမ္မတဖြစ်လာပါက ၎င်း၏အကြံပေးများက အမေရိကန်အနေဖြင့် ယူကရိန်းအရေးကို အဆုံးသတ်စေရေးလုပ်ဆောင်ရန် တောင်းဆိုလာနိုင်ကြောင်း သတင်း ဌာနက ဆက်လက်ရေးသားဖော်ပြထားသည်။

ထို့အပြင် အမေရိကန်၏လုပ်ဆောင်ချက်ကို NATO တပ်ဖွဲ့ဝင် နိုင်ငံ များက မလိုက်လျောပါက အမေရိကန်သည် ယင်းအဖွဲ့ဝင်နိုင်ငံများအပေါ် ကတိပေးထားသည့် ကာကွယ်ရေး အာမခံချက်များကို ပြန်လည်ရုပ်သိမ်းနိုင်ဖွယ်ရှိကြောင်း Politico သတင်းဌာန က ဖော်ပြထားသည်။

အမေရိကန် သမ္မတဟောင်း ဒေါ်နယ်ထရမ့် က ယခုရွေးကောက်ပွဲ၌ ၎င်းသာသမ္မတအဖြစ် ရွေးကောက်ခံရလျှင် ရုရှား-ယူကရိန်း ပဋိပက္ခကို ၂၄ နာရီအတွင်း ပြေလည်အောင်ဖြေရှင်းပေးမည်ဟု ကတိပေးထားကြောင်း Sputnik သတင်းဌာန ဖော်ပြချက်အရ သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN

SZ