မိုးသည်းထန်စွာရွာသွန်မှုကြောင့် လယ်ဝေးမြို့နယ်ရှိ ဆင်အုံကန်ရေလှောင်တမံ ဆည်ဘောင်ကျိုးပေါက်


(ပြည်တွင်း) ဇူလိုင် ၃၁

နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ ရှမ်းစုကျေးရွာအုပ်စု၊ ကြို့ပင်ကျေးရွာတွင် ယနေ့နံနက် ၅ နာရီ ၃၀ အချိန်ခန့်က မိုးသည်းထန်စွာရွာသွန်မှုကြောင့် ဆင်အုံကန်ရေလှောင်တမံ ရေမြင့်တက်လာခဲ့ရာမှ မြှောက်ဘက်ဆည်ဘောင် ကျိုးပေါက်သွားခဲ့ကြောင်း သိရသည်။

အဆိုပါ ဆင်အုံကန်ရေလှောင်တမံ ဆည်ဘောင်ကျိုးပေါက်မှု့ကြောင့် ဆည်အောက်ရှိကျေးရွာများနှင့် လယ်ဝေးမြို့ပေါ်ရှိ အမှတ်(၂)၊ အမှတ်(၃)ရပ်ကွက်များအတွင်း ရေဝင်ရောက်မှုဖြစ်ပွားနေပြီး၊ V4 လမ်းမပေါ်တွင် လည်းရေများလျှံနေကြောင်း၊ ၎င်း ဆည်ဘောင်ကျိုးပေါက် လူနှင့် တိရစ္ဆာန်များထိခိုက်မှုမရှိကြောင်း သိရသည်။

ဆည်ဘောင်ကျိုးပေါက်သည့်နေရာသို့ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ကျေးရွာနေပြည်သူများပူးပေါင်း၍ မြေသားကန်ဘောင်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN

ZN #SZ