ဆီစျေးကြောင့် မော်တော်ယာဥ်ခစျေးတက်နေသော်လည်း ပထမဆုံးပြေးမည့် EV ၂၅၀၀၀ ကောက်မည်


(ပြည်တွင်း) ဇူလိုင် ၃၁

မြန်မာနိုင်ငံ၏ ပထမဆုံး လျှပ်စစ်အဆင့်မြင့်ခရီးသည်တင်ယာဥ်များကို မန္တလာမင်းယာဥ်လိုင်းမှစတင်တင်သွင်းခဲ့ပြီး ယင်း EV Express ယာဥ်များဖြင့် ရန်ကုန် – နေပြည်တော် ခရီးစဉ်အား ပထမဦးဆုံးပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ EV Express ယာဉ်များဖြင့် ရန်ကုန် – နေပြည်တော် ခရီးစဉ်ကို ကနဦး ပြေးဆွဲပေးမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မှ နံနက် (၇) နာရီခွဲအချိန်စတင်ထွက်ခွာမည်ဖြစ်ပြီး ယင်းခရီးစဉ်အတွက် လက်မှတ်ခနှုန်းထားမှာ တစ်ဦးလျှင် (၂၅၀၀၀) ကျပ်ကျသင့်မည်ဖြစ်ကြောင်း သိရသည်။

“ကိုယ်တို့လခစားတွေက မျှော်လင့်တာပေါ့နော် EV Express တွေဝင်လာရင် ကားစီးခစျေးတွေကျမယ်ပေါ့။ လက်ရှိစျေးနဲ့တော့ ဘာပဲဖြစ်ဖြစ်သက်သာမယ်ပေါ့။ ခုကြားရတာက VIP စျေးအတိုင်းယူမယ်ဆိုတော့ အနည်းငယ်များတယ်လို့ ထင်တာပေါ့နော်” ဟု နေပြည်တော်ကို ရုံးကိစ္စနှင့်ခရီးသွားနေရသည့် ဝန်ထမ်းတစ်ဦးမှ ပြောသည်။

ရန်ကုန် – မန္တလေး အမြန်လမ်းမကြီး အပါအဝင် BOT စနစ်ဖြင့် ဆောင်ရွက်နေသော လမ်းတံတားများအခြားပြည်ထောင်စုလမ်းနှင့် တိုင်းဒေသကြီး/ပြည်နယ်များ လမ်းတံတားအားလုံးတွင် လျှပ်စစ်သုံးယာဉ်များ လမ်းတံတား အသုံးပြုခကို ၁၀၀ ရာခိုင်နှုန်း ဖြေလျော့ပြီး အသုံးပြုခကောက်ခံခြင်းမပြုထားကြောင်း သိရသည်။

ယင်းအပြင် အစိုးရအနေဖြင့် ၂၀၅၀ ပြည့်နှစ်မတိုင်မီ မြန်မာတစ်ပြည်လုံးတွင် လျှပ်စစ်ကားများသာ အသုံးပြုမည်ဟု ရည်မှန်းထားကြောင်းလည်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN

AMT #SZ