နိုင်ငံရေးသမားကောင်းလိုအပ်နေသောနိုင်ငံ

ဇူလိုင် ၃၁
(ဆောင်းပါရှင် Kyaw Swar)

     ဘယ်နိုင်ငံမှာ မဆို စစ်တပ်က စစ်တပ်အလုပ် လုပ်ရတာ ရဲတပ်ဖွဲ့က ရဲတပ်ဖွဲ့အလုပ်ကိုလုပ်ရတာ။
ဒါတွေ လုပ်ရတယ် ဆိုတာ ပြည်သူကို မုန်းလို့ ရက်စက်ချင်လို့ မဟုတ်ဘူး။ ဒါတွေလုပ်ရလို့ စစ်တပ်နဲ့ရဲတပ်ဖွဲ့ကို မုန်းရမှာ မဟုတ်ဘူး။

     ဒီလို လူထုအုံကြွမှု ဖြစ်လာအောင်လုပ်ဆောင်သော အမြတ်ထုတ် ကိုယ်ကျိုးရှာတဲ့ နိုင်ငံရေးသမားတွေကို မုန်းရမှာ။ မြန်မာနိုင်ငံမှာလည်း ဒီလိုအရေးအခင်းကြီး တွေဖြစ်ခဲ့တယ်။ စစ်တပ် နဲ့ ရဲတပ်ဖွဲ့က သူ့အလုပ်သူလုပ်ခဲ့တယ်။

     ဘာကြောင့်ဖြစ်တာလည်း နိုင်ငံရေးသမားတွေ ဖန်တီးလို့ပဲ၊ အာဏာထိန်းတာကို အကြောင်းမပြ နဲ့
အာဏာထိန်းရသော အကြောင်းအရင်း ဇစ်မြစ်ကို လိုက်ဖို့လိုတယ်။

      ဒီမိုကရေစီလမ်းကြောင်းကိုဖြောင့်ဖြောင့် သွားလို့ရရဲ့သားနဲ့  ဦးလှသိန်းဦးဆောင်တဲ့ရွေးကောက်ပွဲကော်မရှင် က NLD ပါတီ မဲခိုး ရလွယ်ကူအောင် မလိုအပ်သော ရွေးကောက်ပွဲ ကော်မရှင် ဥပဒေ တွေကို ပြင်ခဲ့တယ်။

      Nld, ပါတီက ခိုးရလွယ်လို့ မဲတွေခိုးလိုက်တာ ဒေသတစ်ခုမှာ ရှိရင်းစွဲ လူဦးရေထက်ပိုမိုသော ခိုးမဲ ပိုမဲတွေ ဖြစ်လာတယ်။ ခိုးမဲ ပိုမဲတွေ ဖြစ်လာတော့ လှသိန်းလည်း ထွက်မရှင်းနိုင်ဘူး၊ nld ပါတီက ဘယ်သူမှ ထွက်မရှင်း နိုင်တော့ဘူး။

      တပ်မတော် က အကြိမ်ပေါင်း ၃၀ ကျော် နိုင်ငံ ရေးနည်းလမ်းနဲ့ရှင်းဖို့ပြောခဲ့တယ်။ ဘယ်သူမှ မရှင်းနိုင်တော့ဘူး။ ရတယ် မရှင်းနိုင်ရင် လွှတ်တော် ခဏ ရပ်ထား ဒီပြသနာကို အရင်ရှင်းပါလို့ပြောတယ်။

    လွှတ်တော်မခေါ်ပဲ ရပ်ထားလည်း အစိုးရက NLD ,ပဲလေ။ ဒါပေမဲ့  မရပ်ပါဘူး အဲ့မဲခိုး မဲလိမ်နဲ့ လွှတ်တော် ခေါ်ဖို့လုပ်တယ်။ ဒုတိယအကြိမ်လွှတ်တော်ကို မပြီးသေးတာတောင် မခေါ်ပါဘူး။

နောက်ဆုံးရက်အထိ တပ်မတော် က ဆွေးနွေး တယ်။ NLD နိုင်ငံရေးသမားတွေ လက်မခံပါဘူး။

       အဲ့တော့ တပ်မတော်က အခြေခံဥပဒေ ပြဌာန်း ချက် အတိုင်း အာဏာထိန်းလိုက်ရတယ်။ အဲ့နောက်ပိုင်း ဘာတွေဖြစ်ခဲ့သလဲ။ ပြည်သူများစွာ ထောင်ကျ ဘဝပျက် ကြရတယ်။ မြန်မာလူငယ်တွေ အချင်းချင်း အနီ အစိမ်းခွဲပြီး သတ်ဖြတ်ကြတယ်။ တောခို သူပုန်ထကြပြီး မြန်မာလူငယ်တွေချင်း ပြန်သတ်ကြရတယ်။

      တကယ်တော့ တပ်မတော်သား တွေဟာလည်း မြန်မာလူငယ်တွေပဲ သူတို့တာဝန်သူတို့ထမ်းဆောင်ကြတာ PDF ဆိုတာလည်း မြန်မာလူငယ်တွေပဲ
သူတို့ တပ်မတော် သားတွေကို ပြန်သတ်ကြ တယ်။

    ဘယ်မှာလည်း အမြတ် ?
နိုင်ငံရေးသမား ခေါင်းဆောင်ကြီးတွေကတော့ ပြည်ပ မှာ ကောင်းစားနေကြတယ်။ ပြည်တွင်းမှာတော့ မြန်မာပြည်သူထဲက အချင်းချင်းပြန်သတ်ဖြတ်နေကြရပါတယ်။

    ဘာကြောင့် ဒီလို ဖြစ်သလည်း အဓိက အကြောင်းအရင်းက နိုင်ငံရေးသမား ယုတ်ညံ့သူ အချို့က နိုင်ငံရေးနည်းလမ်းကို ယခင်ကပင် မသုံးခဲ့ပဲလက်နက်ကိုင်ဖြေရှင်းဖို့ ရည်ရွယ်ထားလို့ပဲ ဖြစ်တယ်။

    ဘယ်နိုင်ငံက စစ်တပ် ဖြစ်ဖြစ် တိုင်းပြည်ဖျက်တာကို ထိုင်မကြည့်ပါဘူး။ထိန်းရသိမ်းရတာပါပဲ။
အသိမှန် အမြင်မှန်တွေရဖို့လိုတယ်။ အစွန်းရောက်တဲ့ လူတွေဟာ ကျရှုံးသွားကြတာ ကြည့်ပါပဲ။

      နောင်အနာဂတ်မှာ နိုင်ငံကိုကောင်းအောင်လုပ်သော နိုင်ငံရေးသမား မျိုးဆက်ပဲ ထွန်းကားဖို့လိုပါတယ်။ မြို့ဖျက် ပြည်ဖျက် ရရင်ရ မရရင် ချမယ်
ဆိုသော နိုင်ငံရေးမျိုးဆက်မထွန်းကားဖို့ လိုအပ်ပါတယ်။

      အာဏာလက်လွှတ်ရတဲ့ အချိန်ကြမှ ဖက်ဒရယ် အိပ်မက် ထမက်တာကလည်း ‌ဗြောင်လိမ်ဗြောင်စားလုပ်တာပါပဲ။ တကယ်တမ်း စေတနာမှန်ရင် NLD အမတ်တွေကြည့် လွှတ်တော်ထဲမှာ ရှိစဉ်က ဖက်ဒရယ်ကြီးဖြစ်အောင် ပြင်လိုက်ပါလား။

     တပ်မတော်က တောင် လွှတ်တော်ထဲကနေ
ထောက်ခံပေးခဲ့တာပဲ။ ဒါ့ကြောင့် နိုင်ငံရေးသမားကောင်းမှ နိုင်ငံကောင်းမှာပါ။ မှန်ကန်သောစေတနာ နိုင်ငံအတွက်မရှိပဲ အာဏာအတွက် ဒီပွဲဟာ ပါတီကိုထောက်ခံသော လူစု ကို ချနင်းသောပွဲသာ ဖြစ်ပါကြောင်း တင်ပြလိုက်ပါတယ်။

#PAN