ဒုတိယအကြိမ်မြောက် ASEAN Cyber Shield အွန်လိုင်းပညာရေးအစီအစဉ်ကို လျှောက်ထားနိုင်


(ပြည်တွင်း) ဇူလိုင် ၃၁

တောင်ကိုရီးယားနိုင်ငံနှင့် အာဆီယံနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုစီမံကိန်းအရ အွန်လိုင်းမှ တစ်ဆင့် သင်ကြားပိုချပေးမယ့် ဆိုက်ဘာလုံခြုံရေးသင်တန်း တစ်ခုဖြစ်တဲ့ “ASEAN Cyber Shield Online Education Program”ကို စက်တင်ဘာလ ၂ ရက်မှစပြီး ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်အထိ ပိုချပေးမည် ဖြစ်ရာ အာဆီယံအဖွဲဝင်နိုင်ငံများမှ တက္ကသိုလ်တက်ရောက်နေသော ကျောင်းသား/ကျောင်းသူများ လျှောက် ထားနိုင်ကြောင်း ပိုဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနအောက်ရှိ အမျိုးသားဆိုက်ဘာလုံခြုံရေး ဗဟို ဌာနမှ ဇူလိုင်လ ၂၅ ရက်တွင် ထုတ်ပြန် ကြေညာထားကြောင်း သိရပါတယ်။

အဆိုပါ သင်တန်းသို အာဆီယံနိုင်ငံတစ်နိုင်ငံလျှင် ကျောင်းသား/ကျောင်းသူ ၁ဝ ဦးစီး တက်ရောက် ရမှာဖြစ်ပြီး ထူးချွန်သူများအနေဖြင့် ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ တွင် ပြုလုပ်မယ့် Bootcamp သို့ ဆက်လက်တက်ရောက်ခွင့်ရရှိမှာ ဖြစ်ပါတယ်။

တက်ရောက်လိုသူများသည် အာဆီယံအဖွဲ့ဝင်နိုင်ငံသားများဖြစ်ရန်၊ ဆိုက်ဘာလုံခြုံရေး၊ ကွန်ပျူတာအင်ဂျင်နီယာ သို့မဟုတ် ၎င်းတို့နှင့်ဆက်စပ်တဲ့ ဘာသာရပ်များ ကို တက္ကသိုလ်တွင် လက်ရှိသင်ကြားနေသူများဖြစ်ရန် နှင့် Network Security, System Security, Web Application Security, Forensics, Cryptography, Reversing, Vulnerability Analysis, Penetration Testing စတဲ့ နယ်ပယ်တစ်ခုခုနှင့် ရင်းနှီးမှုရှိသူများဖြစ်ရန် လိုအပ် ပါတယ်။

ဒါ့အပြင် တက်ရောက်လိုသူများအနေဖြင့် ဇူလိုင်လ ၃၁ ရက် နောက်ဆုံးထားကာ အချက်အလက်များကို Website Link – https://forms.gle/ QEoyGcgSLew9NY649 ရှိပုံစံတွင် ဖြည့်သွင်းကာ လျှောက်ထားနိုင်ကြောင်း သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN

SZ