တံတားဦးမြို့နယ်တွင် ကျေးရွာ အုပ်ချုပ်ရေးမှုးအား အကြမ်းဖက်သမား ၂ ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်


(ပြည်တွင်း) ဇူလိုင် ၃၁

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်၊ မြင်းသည်ကျေးရွာတွင်ကျေးရွာအုပ်ချုပ်ရေးမှုးအား အကြမ်းဖက် PDF ၂ ဦးမှသေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ် သွားကြောင်း သိရသည်။

ဖြစ်စဥ်မှာ ယနေ့ မွန်းတည့်ချိန်ခန့်က မြင်းသည်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဖြိုးမောင်မောင်၊ အသက် ၃၅ နှစ်၊ (ဘ)ဦးသန်းဝင်းသည် တစ်ရွာတည်းနေ ဦးခင်မောင်ရင်၏ ၎င်း၏နေအိမ်၌ စကားပြောနေစဥ် အကြမ်းဖက်သမား ၂ ဦး၊ ဆိုင်ကယ်ဖြင့်ရောက်ရှိလာပြီး သေနတ်ဖြင့်ပစ်ခတ်ကာ ထွက်ပြေးသွားခဲ့ကြောင်း ဒေသခံများ၏ပြောကြားချက်အရ သိရသည်။

အဆိုပါ သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် ဦးဖြိုးမောင်မောင်တွင် ယာဘက် ရင်ညွန့်အထက် ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ရင်ညွန့် ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝမ်းဗိုက် ဖောက်ဝင်ဒဏ်ရာ ၁ ချက်တို့ရရှိခဲ့ပြီး တံတားဦး ပြည်သူ့ဆေးရုံသို့ ပို့ဆောင်စဥ် ရရှိဒဏ်ရာဖြင့် သေဆုံးသွားကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN

ZN #SZ