တယ်လီဂရမ်အက်ပ်မှ ဆိုက်ဘာလုံခြုံရေး အားနည်းချက်နှင့်စပ်လျဉ်း၍ MMCERT က သတိပေးချက်ထုတ်ပြန်


(ပြည်တွင်း) ဇူလိုင် ၃၁

Android ဖုန်းများနှင့် Tablet များအတွက် တယ်လီဂရမ် အက်ပလီကေးရှင်း Version 10.14.0 မှ 10.14.4 အထိတွင် အန္တရာယ်ရှိသော လုံခြုံရေး အားနည်းချက်ဖြစ်ပေါ်လျက်ရှိပြီး အဆိုပါ အားနည်းချက်သည် Application ၏ Video Handler အစိတ်အပိုင်းရှိ Input ထည့်သွင်းခြင်း အမှားတစ်ခု ကြောင့်ဖြစ်ကာ ဟက်ကာများက အဝေးမှ တိုက်ခိုက်ခြင်းကို ဆောင်ရွက်စေနိုင်စေကြောင်း မြန်မာနိုင်ငံကွန်ပျူတာအရေးပေါ်တုံပြန်ရေးအဖွဲ့ MMCERT က ဇူလိုင် လ ၂၄ ရက်တွင် ထုတ်ပြန်ကြေညာထားကြောင်း သိရပါတယ်။

အဆိုပါ အားနည်းချက်ကြောင့် အက်ပလီကေးရှင်း သုံးစွဲသူမသိရှိဘဲ အဖျက်အမှောင့် App များကို ဖုန်းတွင် အလုပ်လုပ်နိုင်စေရန်အတွက် ဟက်ကာများအား ဗီဒီယိုဖိုင်များကို စိတ်ကြိုက်စီမံခွင့်ပြုစေပြီး သုံးစွဲသူ၏ အချက်အလက်များအပေါ် ကြီးမားသောခြိမ်းခြောက်မှုဖြစ်စေနိုင်ကာ ဟက်ကာများက အထူးပြုလုပ်ထား သော ဗီဒီယိုဖိုင် များကို ပို့ခြင်းဖြင့် ၎င်းအားနည်းချက်ကို တိုက်ခိုက်နိုင်ပြီး အဆိုပါဗီဒီယိုဖိုင်အားဖွင့်ရန် ဆောင်ရွက်သည့်အချိန်တွင် အဖျက်အမှောင့်ကုဒ်များကို လုပ်ဆောင်စေနိုင်ပါတယ်။

ထိုကဲ့သို့ တိုက်ခိုက်မှုများမှ လျော့ပါးစေရေးအတွက် တယ်လီဂရမ် အက်ပလီကေးရှင်း အသုံးပြုသူများ အနေဖြင့် ယင်းအားနည်းချက် ဖြေရှင်းပေးနိုင်တဲ့ တယ်လီဂရမ် ဗားရှင်း 10.14.5 သို့ ချက်ချင်း အပ်ဒိတ်လုပ်ရန်၊ မီဒီယာ ဖိုင်များ အလိုအလျောက် ဒေါင်းလုပ်ဆွဲခြင်းကိုပိတ်ထားရန်၊ မိမိတို့၏ အသိအကျွမ်းများ ထံမှဖြစ်စေကာမူ ဗီဒီယိုဖိုင်များကို လက်ခံရရှိချိန်တွင် သတိထားရန်၊ နောက်ထပ်ဆော့ဖ်ဝဲများ သို့မဟုတ် ဗီဒီယိုပလေယာများကို Install ပြုလုပ်ရန်နှင့် တောင်းဆိုတဲ့အချက်များကို စစ်ဆေးရန်စတဲ့ အချက်အလက်များကို MMCERT က အကြံပြုထားပါတယ်။

ဤလုံခြုံရေး အားနည်းချက်ကြောင့်ဖြစ်ပေါ်လာသော တိုက်ခိုက်မှုဖြစ်စဉ်များနှင့်စပ်လျဉ်းကာ ဆက်သွယ် တိုင်ကြားလိုပါက မြန်မာနိုင်ငံ ကွန်ပျူတာအရေးပေါ် တုံပြန်ရေးအဖွဲ့၏ ဖုန်းနံပါတ်ဖြစ်တဲ့ ၀၆၇-၃၄၂၂၂၇၂ သို့ ဖုန်းဆက်၍ဖြစ်စေ၊ [email protected] နှင့် [email protected] တိုထံ အီးမေးလ် များပေးပိုပြီး တိုင်ကြားနိုင်ကြောင်းလည်း MMCERT ထုတ်ပြန်ထားကြောင်း သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN

#SZ