ဂါဇာရှိ ကလေးငယ်များ ပိုလီယိုရောဂါကူးစက်ထားနိုင်ခြေ အလွန်များဟု WHO ထုတ်ပြန်


(နိုင်ငံတကာ) ဇူလိုင် ၃၁

ဂါဇာရှိ ကလေးငယ်များသည် ပိုလီယိုရောဂါပိုး ကူးစက်ထားနိုင်ခြေ အလွန်များကြောင်းနှင့် ယင်းသို့ ဖြစ်ရခြင်းကြောင့် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ပိုလီယို ရောဂါကင်းစင်ရေး ဆောင်ရွက်ချက်ကို နှောင့်နှေးစေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က ဇူလိုင်လ ၃၀ ရက်တွင်ထုတ်ပြန်သည်။

မိလ္လာအညစ်အကြေးများတွင် ပိုလီယို ရောဂါပိုးများ တွေ့ရှိရပြီးနောက် ဂါဇာဒေသ၌ ဒေသတွင်းပိုလီယိုကပ်ရောဂါဖြစ်ပွားနေပြီဟု ဂါဇာကျန်းမာရေး ဝန်ကြီးဌာနက ဇူလိုင်လ ၂၉ ရက်နှောင်းပိုင်းတွင် ထုတ်ပြန်ထားသည်။

တစ်ကမ္ဘာလုံးတွင် ပိုလီယိုရောဂါဖြစ်ပွားမှု ကင်းစင်လုနီးပါးဖြစ်နေပြီ ဖြစ်သော်လည်း ပါကစ္စတန်နှင့်အာဖဂန်နစ္စတန်တို့တွင် ဒေသတွင်းကပ်ရောဂါအသွင်ဖြင့် ရှိနေ သေးကြောင်း၊ ဂါဇာ၏အိမ်နီးချင်းဖြစ်သည့် အီဂျစ်နှင့်အစ္စရေးအပါအဝင် နိုင်ငံပေါင်း ၃၀ ကျော်မှာ ပိုလီယို ရောဂါကူးစက်ပျံ့နှံနိုင်ခြေများသည့် စာရင်းတွင်ရှိနေဆဲ ဖြစ်ကြောင်း WHO ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဂါဇာတွင် လူအများအပြားမှာ ပိုလီယိုရောဂါကူးစက်ခံထားရပြီဖြစ်နိုင်ကြောင်း၊ သို့သော် ရောဂါပိုး၏ လက္ခဏာမပြသော အခြေအနေများအရ ရောဂါကူးစက်ခံ ထားရသူများကို ရှာဖွေတွေ့ရှိရန် ခက်ခဲကြောင်း WHO ၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပိုလီယိုရောဂါသည် အလွန်ကူးစက်မြန်သည့် ရောဂါတစ်မျိုးဖြစ်ပြီး အဓိကအားဖြင့် ရောဂါပိုး က အာရုံကြောစနစ်အတွင်းသို့ ဝင်ရောက်ခြင်းကြောင့် ကလေးငယ် များတွင် အကြောသေခြင်း နှင့် သေဆုံးခြင်းတိုအထိ ဖြစ်နိုင်ကြောင်း TST သတင်းဌာနတွင် ဖော်ပြထားသည်။

Telegram»…
https://t.me/positiveanglenews

PAN

SZ