အိန္ဒိယကျပန်းလုပ်သား တစ်ဦး ၁၉ ကာရတ်ကျော်ရှိသည့် စိန်တုံးတွေ့ရှိ


(နိုင်ငံတကာ) ဇူလိုင် ၃၀

အိန္ဒိယနိုင်ငံ အက်ဒ်ဟာပရာဒေ့ရှ်ပြည်နယ်တွင် အိန္ဒိယကျပန်းအလုပ်လုပ်ကိုင်သည့် ဆင်းရဲသားတစ်ဦးသည် ၁၉ ကာရတ်ကျော်ရှိသည့် စိန်တုံးအားတွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါအမျိုးသားသည် သားသမီး ၇ ဦးရှိပြီး အကြွေးဝန်ပိနေသည့် အသက် ၄၀ အရွယ် ရာဂျူးဖြစ်ကြောင်းသိရသည်။

ရာဂျူးမှာ ၎င်းတို့နေထိုင်သည့်ကျေးရွာတွင် ရသမျှအလုပ် လုပ်ကိုင်ကာ ရုန်းကန်နေရသည့် ခိုင်းဖက်တစ်ဦးဖြစ်ပြီး တစ်ရက်လုပ်ခ ရူပီး ၃၅၀ သာ ရရှိကြောင်းသိရသည်။

အဆိုပါ စိန်သည် အစိုးရပိုင်မိုင်းတွင်းမှာ သွားရောက်လုပ်ကိုင်ရင်း မိုင်းတွင်းအတိုအစတွေကို သန့်စင်သိမ်းဆည်းနေရင်း စိန်တုံးကို တွေ့ရှိခဲ့ခြင်ဖြစ်ကြောင်း သိရသည်။

အဆိုပါ စိန်အား စိန်ရာဖြတ်ရုံးသို့ သွားရောက်ပြသရာတွင် ဒေါ်လာ ၁ သိန်းတန်ကြေးရှိကြောင်းသိရပြီး ရာဂျူးမိသားစုသည် အစိုးရအား အခွန် ၁၁ . ၅ ရာခိုင်နှုန်း ပေးသွင်းခဲ့ပြီးနောက် ၎င်းတို့ပေးဆပ်ရမည့်အကြွေးများ ပေးဆပ်ကာ အဆင်ပြေသွားခဲ့ကြောင်း အိန္ဒိယမီဒီယာများကဖော်ပြခဲ့သည်။

Telegram»…
https://t.me/positiveanglenews

PAN

AMK #SZ