ယနေ့နေ့လည်ပိုင်း လာရှိးမြို့သတင်း


(ပြည်တွင်း) ဇူလိုင် ၃၀

ယနေ့ လားရှိးမြို့၊ သတင်းတွေအနေနဲ့ ယခုချိန်ထိ သာသနာ- ၂၅၀၀ နဲ့ ရန်အောင်မြင်ဘုန်းကြီးကျောင်းဘက်မှာ တိုက်ပွဲဖြစ်ပွားပြီး တပ်မတော်ဘက်မှ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ ရှိနေပြီး၊ တိုက် ၉ လုံးဘက်မှာတော့ နယ်မြေရှင်းနေတဲ့ စစ်ကြောင်းနဲ့ အကြမ်းဖက်သူပုန် ၁၀၀ ဦးခန့်တို့ တိုက်ပွဲဖြစ်ပွားနေသေ,ကြောင့် လေကြောင်းပစ်ကူနဲ့ ရှင်းထုတ်ခဲ့ရကြောင်း သိရသည်။

အလားတူ အထက – ၇ ဘက်တွင်လည်း အကြမ်းဖက်သူပုန် ၁၀၀ လောက် ချဉ်းကပ်လာလို့ လေကြောင်းကနေ ပစ်ခတ်ရတာ ရှိပြီး၊ မူးယစ်ဆေး အလွန်အကျွံသုံးစွဲထားတဲ့ လူစိတ်ကင်းမဲ့နေတဲ့ သူပုန် ၁၁ ဦးကိုတော့ အသေပစ်လိုက်နိုင်ခဲ့ကြောင်းသိရပြီး၊ လားရှိးမြို့ရဲ့ တိုက်ပွဲတွေဟာ ရှုပ်ထွေးလျက်ရှိကာ အချို့နေရာတွေမှာ ကိုယ်သိမ်း၊ သူသိမ်း အပြန်အလှန်ဖြစ်နေပြီး အကြမ်းဖက်သူပုန်တွေကတော့ ဒေသခံတွေကို လူသားတံတိုင်း အဖြစ် ဓားစာခံလုပ်ထားပြီး တိုက်ပွဲရှောင်သူများနှင့် ဒေသခံတွေ ယောက်ျားလေးတွေကို ၁ အိမ် ၁ ယောက်နှုန်း အဓမ္မလူသစ် စုဆောင်းလျက်ရှိနေကြောင်း သိရသည်။

လားရှိးမြို့ နေရာအများအပြားမှာ ဖုန်း/အင်တာနက်လိုင်းများ မကောင်းသော်လည်း ရန်သူတွေဟာ Star Link ကွန်ရက်ကို အသုံးပြုပြီး Psywar တွေ အဆက်မပြတ် ထုတ်လွှင့်နေတာတွေ့ရှိရပြီး၊ လားရှိးမြို့ ကောင်းကင်ယံမှာတော့ လေယာဉ်တွေ အဆက်မပြတ်ဝဲပျံလျက်ရှိကာ ဒေသခံတွေမရှိတော့ပါက ပြင်းပြင်းထန်ထန်ပစ်ခတ်ဖို့ စောင့်ကြည့်နေကြောင်း သတင်းရင်းမြစ်အရ သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN

SZ