ဗင်နီဇွဲလား ရွေးကောက်ပွဲမှာ အာဏာရပါတီနဲ့ အတိုက်အခံပါတီ မဲနိုင်တယ်လို့ ကြေညာပြီး ဆူပူမှုများ ဖြစ်ပေါ်


(နိုင်ငံတကာ) ဇူလိုင် ၃၀

ဗင်နီးဇွဲလားနိုင်ငံအား ကာလရှည်အုပ်ချုပ်ခဲ့သည့် လက်ရှိသမ္မတ နီကိုးလပ်စ်မာဒူရိုသည် ဇူလိုင် ၂၈ ရက်တွင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် အနိုင်ရကြောင်း ရွေးကောက်ပွဲကောင်စီမှထုတ်ပြန်ခဲ့ပြီးနောက် အတိုက်ခံပါတီမှလည်း ၎င်းတို့အနိုင်ရကြောင်း ခိုင်ခိုင်မာမာထုတ်ပြန်ခဲ့သည်။

ရွေးကောက်ပွဲကော်မရှင်၏ ကြေညာမှုတွင် မာဒူရိုရးဦးဆောင်သည့် ယူနိုက်တက်ဆိုရှယ်လစ်ပါတီမှ မဲရရှိမှု ၅၁ . ၂ ရာခိုင်နှုန်းရှိပြီး အတိုက်အခံပါတီမှ ၄၄. ၂ ရာခိုင်နှုန်းရရှိခဲ့ကြောင်း ကြေညာခဲ့သည်။

အတိုက်အခံပါတီသည် ၎င်းတို့ကိုယ်တိုင် မဲရေတွက်မှုအရ မဲ ၇၀ ရာခိုင်နှုန်းအထိရရှိပြီး အပြတ်အသတ် အနိုင်ရခဲ့ကြောင်း တန်ပြန်ကြေညာချက် ထုတ်ပြန်ခဲ့သည်။

လက်ရှိသမ္မတအနေဖြင့် ရွေးကောက်ပွဲကောင်စီအား ထိန်းချုပ်မှုပြီး မဲလိမ်၊ မဲမသမာမှုလုပ်ခဲ့ကြောင်း အတိုက်အခံပါတီအားပေးသူများ ဝေဖန်စွပ်စွဲခဲ့ပြီး ဆန္ဒပြမှုများ စတင်လုပ်ဆောင်နေကြောင်းသိရသည်။

လက်ရှိ မာဒူရိုသည် သမ္မတ ဟူဂိုချာဗက်ဇ် နေရာတွင် ၁၀ နှစ်တစ်ခုကျော် တာဝန်ယူခဲ့သူဖြစ်ပြီး ၎င်းဦးဆောင်ချိန်တွင် ငွေကြေးဖောင်းပွမှု အမြင့်ဆုံးဖြစ်ပေါ်ခဲ့သည်။

Telegram»…
https://t.me/positiveanglenews

PAN

AMK #SZ