ပဲခူးတိုင်းဒေသကြီး၌ အခြေခံပညာကျောင်း (၄၀၀)ကျော် ရေကြီးမှုကြောင့် ယာပီပိတ်ထားရ


(ပြည်တွင်း) ဇူလိုင် ၃၀

ဇူလိုင်လအတွင်း၌ ပဲခူးတိုင်းဒေသကြီးအတွင်း မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းမှု နှင့် တိုင်းဒေသကြီးအတွင်းရှိ မြစ် ၊ချောင်းများ ရေကြီး/ရေလျှံမှုကြောင့် မြို့နယ်အသီးသီးရှိ လူနေအိမ်များ၊ အခြေခံပညာစာသင် ကျောင်းများအတွင်း ရေများဝင်ရောက်မှုကြောင့် တိုင်းဒေသကြီးအနေဖြင့် ဇူလိုင်လ ၂၈ ရက်နေ့ မွန်းလွဲ ၃ နာရီအထိ စာရင်းများအရ အခြေခံပညာစာသင်ကျောင်း စုစုပေါင်း(၄၂၇)ကျောင်းအား ယာယီပိတ်ထားရ ကြောင်း တိုင်းပညာရေးမှူးရုံး၏အတည်ပြု စာရင်းများအရ သိရသည်။

စာရင်းများအရ ပဲခူးတိုင်းဒေသကြီး(အရှေ့)တွင် (၁၁၆)ကျောင်း၊ ပဲခူးတိုင်းဒေသကြီး(အနောက်)တွင် (၂၆၁)ကျောင်းဖြစ်ပြီး တိုင်းဒေသကြီးအတွင်းရှိမြို့နယ်များတွင် ရေများ ဆက်လက်တိုးမြင့်နေပြီး လ ဝက် စာမေးပွဲ စစ်ဆေးရန်ရှိသော စာသင်ကျောင်းများတွင် စာမေးပွဲစစ်ဆေးမှုအား ယာယီရပ်နား/ရက်ရွှေ့ပြောင်းထားရကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ပဲခူး၊ ရွှေကျင်၊ ညောင်လေးပင်၊ ကျောက်တံခါး၊ ကျောက်ကြီး၊မိုးညို၊ မင်းလှ၊ လက်ပံတန်း၊ အုတ်ဖို၊ သာယာဝတီ စသည့်မြို့နယ်များတွင်လဲ ရေကြီး/ရေလျှံမှုများဖြစ်ပွားနေပြီး ယာယီရေဘေး ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ထားရသည်။

Telegram»…
https://t.me/positiveanglenews

PAN

SZ