ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်စဉ် တပ်မတော် နှင့် PDF အကြမ်းဖက်အဖွဲ့များ ထိတွေ့တိုက်ပွဲ ဖြစ်ပွား


(ပြည်တွင်း) ဇူလိုင် ၃၀

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်စဉ် လှည်းကူးကျေးရွာ အနောက်ဘက် မီတာ ၅၀၀ ခန့်အကွာတွင် ယမန်နေ့က တပ်မတော် နှင့် PDF အကြမ်းဖက်အဖွဲ့များ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ပေါက်ခေါင်းမြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်စဉ် လှည်းကူးကျေးရွာ အနောက်ဘက် မီတာ ၅၀၀ ခန့်အကွာသို့ အရောက်တွင် PDF အကြမ်းဖက် ၁၅ ဦးခန့်က ပစ်ခတ်တိုက်ခိုက်လာသဖြင့် မိမိဘက်မှ ပြန်လည် ပစ်ခတ်ခဲ့ရာ အကြမ်းဖက်များ ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း သိရှိရသည်။

၎င်းဖြစ်စဉ်တွင် ရန်သူဘက်မှ ထိခိုက်ကျဆုံးမှုများရှိပြီး PDF အလောင်း ၁ လောင်း၊ လက်လုပ်စိန်ပြောင်း ၁ လက်၊ လက်လုပ်စိန်ပြောင်းဗုံးသီး ၄ လုံး၊ ဆိုင်ကယ် ၁ စီးတို့ သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

Telegram»…
https://t.me/positiveanglenews

PAN

SZ