ဇူလိုင်လ ၂၉ ရက်မှ သြဂုတ်လ ၂ ရက်အတွင်း စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ သက်တမ်းတိုးခွင့် ရရှိသည့်စာရင်းကြေညာ


(ပြည်တွင်း) ဇူလိုင် ၃၀

ဇူလိုင်လ ၂၉ ရက်မှစပြီး ဩဂုတ်လ ၂ ရက်အတွင်းလာရောက်ကာ သက်တမ်းတိုးခွင့်ရရှိတဲ့ စာရင်းအား စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ အသိပေးကြေညာ ထားကြောင်း သိရပါတယ်။

မြန်မာသံရုံး၊ စင်ကာပူမြို့မှ Online Appointment ရယူရန် အခက်အခဲရှိတဲ့ နိုင်ငံကူးလက်မှတ် သက်တမ်း သို့မဟုတ် နေထိုင်ခွင့်သက်တမ်း ခြောက်လအောက် နှင့် ကျန်ရှိသူများအနက် ဇူလိုင်လ ၂၉ ရက်မှ သြဂုတ်လ ၂ ရက်အတွင်း သက်တမ်းတိုးခွင့်ရရှိတဲ့စာရင်းကို ကြေညာထားရာ ဇူလိုင်လ ၂၉ ရက်တွင် ၂၅ ဦး၊ ဇူလိုင်လ ၃ဝ ရက်တွင် ၂၄ ဦး၊ ဇူလိုင်လ ၃၁ ရက်တွင် ၂၃ ဦး၊ ဩဂုတ်လ ၁ ရက်တွင် ၂၃ ဦး၊ ဩဂုတ်လ ၂ ရက်တွင် ၂၄ ဦးကို ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။

အဆိုပါ သက်တမ်းတိုး ဆောင်ရွက်သူများဟာ နံနက် ၁၀ နာရီ သံရုံးသို့လာရောက်ရန်၊ Passport နှင့် IC Card မူရင်း/မိတ္တူများယူထားရန်၊ သတ်တမ်းတိုးရန် အတွက် ပုံစံများအား ဓာတ်ပုံတစ်ပုံနှင့်အတူ ပြည့်စုံစွာ ဖြည့်စွက်ထားရန်နှင့် သတ်မှတ်ထားတဲ့ရက်အတိုင်း ဆက်သွယ်ဆောင်ရွက်ရမှာဖြစ်ပြီး အကြောင်းအမျိုးမျိုး ကြောင့် သတ်မှတ်ရက်ကျော်လွန်ပါက သီးခြားထပ်မံလျှောက်ထားရန် လိုအပ်ကြောင်း အသိပေးထားပါတယ်။

ဒါ့အပြင် မြန်မာသံရုံး၏ WhatsApp သို့ စာရင်းပေးပို့ရာတွင် စာရွက်စာတမ်းအတု၊ အခကြေးငွေ ရယူသူများမှတစ်ဆင့် ပေးပို့လာခြင်းများအပေါ် သက်တမ်းတိုး ဆောင်ရွက်ပေးမည်မဟုတ်ကြောင်း၊ မြန်မာသံရုံးဘက်မှ မည်သည့်ပုဂ္ဂလိကဝန်ဆောင်မှုကုမ္ပဏီ၊ အေးဂျင့်များကိုမျှ ဝန်ဆောင်မှုရယူရန်နှင့် တန်းစီဇယား လုပ်ဆောင် ခွင့်ပေးအပ်ထားခြင်းမရှိကြောင်း အသိပေးထားပါတယ်။

စင်ကာပူနိုင်ငံရောက် အသက် ၆၅ နှစ်နှင့်အထက် မြန်မာနိုင်ငံသားများ မြန်မာနိုင်ငံကူးလက်မှတ် သက်တမ်းတိုးဆောင်ရွက်ရာတွင် သံရုံး၏ Website, WhatsApp တို့မှာ ကြိုတင်ရက်ချိန်းယူရန်မလိုအပ်ဘဲ ဦးစားပေး အစီအစဉ်တစ်ရပ်အနေဖြင့် ဆောင်ရွက်ပေးသွားမှာဖြစ်လို့ သံရုံးသို့ နံနက်ပိုင်းတွင် လူကိုယ်တိုင် တိုက်ရိုက်လာ ရောက် သက်တမ်းတိုးခြင်းကို လာရောက်ဆောင်ရွက်နိုင်ကြောင်း ကြေညာချက်အရ သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN

SZ