စစ်တမ်းများအရ အိမ်ဖြူတော်အတွက် ယှဉ်ပြိုင်မှုတွင် ထရမ့် က ဟဲရစ် ကို ဦးဆောင်နေ


(နိုင်ငံတကာ) ဇူလိုင် ၃၀

လူထုသဘောထားကောက်ယူမှု စစ်တမ်းများအရ အိမ်ဖြူတော်အတွက် ယှဉ်ပြိုင်မှုတွင် အမေရိကန် သမ္မတဟောင်း ဒေါ်နယ်ထရမ့် က လက်ရှိ ဒုတိယသမ္မတ ကမ်မလာ ဟဲရစ် ကို ဦးဆောင်နေကြောင်း Wall Street Journal-WSJ နှင့် Forbes မဂ္ဂဇင်းတို့၏ နောက်ဆုံးစစ်တမ်းကောက်ယူမှုတွင် ဖော်ပြထားသည်။

သမ္မတ ဂျိုးဘိုင်ဒင် က ရွေးကောက်ပွဲအတွက် ယှဉ်ပြိုင်မှုမှ နုတ်ထွက်သွားပြီးနောက် ကမ်မလာ ဟဲရစ် က ဒီမိုကရက်တစ် ပါတီမှ သမ္မတရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းဖြစ်လာစေရန် ရေပန်းစားနေခြင်းဖြစ်သည်။

ယခု သီတင်းပတ်အစောပိုင်းတွင် Reuters သတင်းဌာနက ထုတ်ပြန်သော စစ်တမ်းကောက်ယူမှုမှတ်တမ်း၌ ကမ်မလာ ဟဲရစ် က ထရမ့်ကို နှစ်ရာခိုင်နှုန်းအသာဖြင့် ဦးဆောင်နေသည်ဟု ဖော်ပြထားသည်။

သို့သော် ဇူလိုင်လ ၂၃ မှ ၂၅ ရက်အထိ လုပ်ဆောင်သော လူ ၁,၀၀၀ ကျော်ပါဝင်သည့် WSJ ၏စစ်တမ်း ကောက်ယူမှုတွင်မူ ထရမ့် က ၄၉ ရာခိုင်နှုန်း၊ ဟဲရစ် က ၄၇ ရာခိုင်နှုန်းရှိသည်ဟု ဖော်ပြလာသောကြောင့် Reuters သတင်းဌာန၏ စစ်တမ်းကောက်ယူမှု ရလဒ်နှင့်ပြောင်းပြန်ဖြစ်နေသည်။

အလားတူ Forbes က အွန်လိုင်းမှ တစ်ဆင့်လုပ်ဆောင်ပြီး လူ ၃,၀၀၀ ကျော်ပါဝင်သည့် စစ်တမ်းကောက်ယူမှုတွင်မူ ထရမ့် က ၄၇ ရာခိုင်နှုန်း ဟဲရစ် က ၄၅ ရာခိုင်နှုန်းရှိသည်ဟု ဖော်ပြထားသည်။ ဂျိုးဘိုင်ဒင်အနေဖြင့် ရွေးကောက်ပွဲယှဉ်ပြိုင်မှုမှ နုတ်ထွက်ကြောင်း ကြေညာကာ ကမ်မလာဟဲရစ်ကို ၎င်း၏နေရာအတွက် သင့်လျော်ကြောင်း ထောက်ခံပေးပြီးနောက် ဟဲရစ် ၏ မဲဆွယ်စည်းရုံးပွဲအတွက် ၂၄ နာရီအတွင်း အလှူငွေဒေါ်လာ ၈၁ သန်းရရှိထားကြောင်း RT သတင်းဌာနတွင် ဖော်ပြ ထားသည်။

Telegram»…
https://t.me/positiveanglenews

PAN

SZ