ချောင်းသာမြို့၊ ဥတိုကျေးရွာတွင် ရခိုင်ပြည်နယ်သို့ ပို့ဆောင်မည့် ကုန်ပစ္စည်းများအား သိမ်းဆည်းရမိ


(ပြည်တွင်း) ဇူလိုင် ၃၀

ဧရာဝတီတိုင်ဒေသကြီး၊ ချောင်းသာမြို့၊ ဥတိုကျေးရွာတွင် ယနေနေ့လည် ၁၁ နာရီ ၂၀ မိနစ်အချိန်ခန့်က ရခိုင်ပြည်နယ်သို့ ပို့ဆောင်မည့် ကုန်ပစ္စည်းများအား ဥတိုကျေးရွာဆိပ်ကမ်းတွင် သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

သတင်းအရ ချောင်းသာမြို့ မှ ပူးပေါင်းအဖွဲ့ဝင်များဖြင့် ဥတိုကျေးရွာဆိပ်ကမ်းတွင်သွားရောက်စစ်ဆေးရာ ၎င်းဆိပ်ကမ်းရှိ ဦးချစ်တင်ပိုင်ဆိုင်သော ငှက်သိုက် အဆောက်အဦးအတွင်မှ စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းမျိုးစုံထည့် ထားသော ပီနမ်အိတ် ၂၂ လုံးနှင့် ဆေးဝါးမျိုးစုံထည့်ထားသောဂျပ်ဖာ ၁ ခုတို့ အား တွေ့ရှိသဖြင့် ချောင်းသာမြို့ တရားမဝင်ကုန်စည် တိုက်ဖျက်ရေးအဖွဲ့မှ ဖွင့်ဖောက်စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

၎င်း ပစ္စည်းမျာအား တရားမဝင်ကုန်စည် တိုက်ဖျက်ရေးအဖွဲ့မှ ဖွင့်ဖောက်စစ်ဆေးခဲ့ရာ AA ဓါတ်ခဲအလတ် (၅)တွဲပါ ၃၀ ဖာ၊ ဆပ်ပြာခဲ ၇ ဖာ၊ ဆပ်ပြာဘူး ၆ ဘူး၊ ဂက်မီးခြစ် ၄ ဖာ၊ ပရီမီယား ကော်ဖီ ၆၃ ထုပ်၊ ဆန်းဒေးကော်ဖီ ၁၅ ထုပ်၊ စားဆီပုံးအသေး ၄ ပုံး၊ ဖူဂျီဆပ်ပြာ ၁၂ ဘူး၊ ဗလာစာအုပ် ၅ ဒါဇင်၊ ပုံနှိပ်စာအုပ် ၆ တွဲ၊ မာမားခေါက်ဆွဲ ၂ ဖာ၊ ရှူးရှဲလဘက် ၁ ထုပ်၊ မုန့်မျိုးစုံ ၁ ထုပ်၊ တစ်ရှူး ၁ ဆွဲ၊ ထွန်းရွှေဝါ ၂၄ ဘူး၊ တက်တူးအပ် ၁ ဖာ၊ သွားတိုက်တံ ၃ ထုပ်၊ သနပ်ခါး ၅ ဘူး၊ ရေသန့်ကဒ် ၅ ကဒ်၊ ဆေးမျိုးစုံ ၁ ဖာ၊ အချိုမှုန့် (၂၅) ကီလိုဂရမ်ပါ ၁၉ အိတ်၊ သကြား (၅၀)ကီလိုဂရမ်ပါ ၁ အိတ်၊ ငြုပ်သီးခြောက် (၁၅)ပိသာပါ ၁ အိတ်၊ ကြက်သွန်နီ ၁ အိတ်တို့ပါရှိကြောင်း သိရှိရသည်။

အဆိုပါ ကုန်ပစ္စည်းများနှင့် ပတ်သက်၍ ငှက်သိုက် အဆောက်အဦး အစောင့်ဖြစ်သူ ဦးသန်းထိုက်၊ အသက် ၄၅ နှစ်၊ ဥတိုကျေးရွာနေသူအား စစ်ဆေးခဲ့ရာ ဇူလိုင် ၂၉ ရက်နေနေ့လည် ၁၀ နာရီ ၃၀ မိနစ်ချိန်ခန့်တွင် ရခိုင်ပြည်နယ်သို့ MPT တာဝါတိုင် အသုံးပြုရန်စက်သုံးဆီ ပို့ဆောင်မည့် ကုန်တင်စက်လှေသို့ ချောင်းသာမြို့မှ အမည်မသိ အိုးဝေအငှားယာဉ်မောင်းသူ နှစ်ဦးမှ လာရောက်ပို့ဆောင်ခြင်းဖြစ်ပြီး စက်လှေတာဝန်ခံမှ ၎င်းကုန်များအား လက်မခံသဖြင့် ငှက်သိုက်အဆောက် အဦးရှေ့တွင် ချထားခဲ့ရာ မိုးရွာသဖြင့် ပစ္စည်းများရေစိုမည်စိုးကာ ၎င်းအဆောက်အဦးတွင် ထည့်ထားခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါကုန်ပစ္စည်းများအား ချောင်းသာမြို့ တရားမဝင်ကုန်စည်တိုက်ဖျက်ရေး အဖွဲ့မှသိမ်းဆည်းခဲ့ပြီး ပိုင်ရှင်အားစုံစမ်းစစ်ဆေးလျှက်ရှိကြောင်း သတင်းအရင်းမြစ် များအရ သိရှိရသည်။

Telegram»…
https://t.me/positiveanglenews

PAN

SZ