သခွားသီးရဲ့ side effect တွေ


(ကျန်းမာရေး) ဇူလိုင် ၂၉

တစ်ခါတစ်လေ သခွားသီးကို လတ်လတ်ဆတ်ဆတ် လှီးဖြတ်တဲ့အခါမှာ ခါးပြီး အရသာမရှိတာ မျိုးတွေ ဖြစ်တတ်ပါတယ်။

ဘာကြောင့်လဲဆိုတော့ သခွားသီးထဲမှာ သခွားသီးကို ခါးသွားစေတဲ့ cucurbitacins နဲ့ tetracyclic triterpenioid ကဲ့သို့သော ဓာတုပစ္စည်းတွေ ပါဝင်နေတာကြောင့် ဖြစ်ပါတယ်။

အဲဒီအဆိပ်သင့် ဓာတုပစ္စည်းတွေဟာ ကျန်းမာရေးကို ထိခိုက်စေနိုင်ပြီး ဓာတ်မတည့်မှု တွေကိုလည်း ဖြစ်စေနိုင်ပါတယ်။

သခွားသီးဟာ ပိုတက်စီယမ် အရင်းအမြစ်ကောင်းတစ်ခုဖြစ်ပြီး သွေးပေါင်ချိန်ပြဿနာတွေကို ထိန်းညှိပေးပါတယ်။

ဒါပေမယ့် အလွန်အကျွံ စားသုံးခြင်းဟာ bloating၊ ကြွက်တက်ခြင်း၊ အစာအိမ်နဲ့ ကျောက်ကပ်ကျန်းမာရေးတိုကို ဖြစ်စေနိုင်တဲ့ Hyperkalemia ကျန်းမာရေးအခြေအနေတွေကို ဖြစ်စေနိုင် ပါတယ်။

နောက်ပြီးတော့ သခွားသီးကို အလွန်အကျွံစားသုံးမိရင် ရေဓာတ်ဆုံးရှုးပြီး ရေဓာတ်ခန်းခြောက် နိုင်ပါတယ်။ သခွားသီးကလည်း သွေးကြောတွေကို ထိခိုက်စေနိုင်ပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN

SZ