ရေဘေးဒဏ်ခံနေရသော ပဲခူးမြို့တွင် အကြမ်းဖက်အဖွဲ့၏ လက်လုပ်မိုင်းအား တပ်မတော်မှ ရှာဖွေရှင်းလင်းခဲ့ရ


(ပြည်တွင်း)ဇူလိုင် ၂၉

ရေဘေးဒဏ်ခံနေရသော ပဲခူးမြို့တွင် အကြမ်းဖက်အဖွဲ့များမှ ပြုလုပ်ထားသော လက်လုပ်မိုင်း ၁ လုံးအား ယနေ့ နေ့လယ်ပိုင်းက တပ်မတော်တာဝန်ရှိသူများက ရှင်းလင်းပေးခဲ့ရကြောင်း သိရသည်။

ဖြစ်စဥ်မှာ ယနေ့နေ့လယ် ၁၂ နာရီ ၁၅ မိနစ်အချိန်ခန့်က ပဲခူးမြို့၊ ဥဿာမြို့သစ်(၅)ရပ်ကွက်ရှိ၊ မြို့ရှောင်လမ်းဘေး လေယာဉ်ကွင်း အဝင်လမ်း၊ လမ်းဘေး ရေမြောင်း အတွင်း လက်လုပ်မိုင်း ၁ လုံးအားတာဝန်ရှိသူများက ရှာဖွေတွေ့ရှိခဲ့ပြီး လမ်းဘေး ရေမြောင်းအတွင်း (မြို့ရှောင်လမ်းမနှင့် ပေ ၈၀၀ ခန့်အကွာ) ဘုန်းကြီးကျောင်းအရှေ့ ယာဘက်ရေမြောင်းအတွင်းတွင် အပြာရောင် ၄ လက်မ PVC ပိုက်ဖြင့် ပြုလုပ်ထားသော အလျား (၈)လက်မခန့်ရှိ အနက်ရောင် တိပ်ပက်လျက် ၉ ဗို့ ဘထ္ထရီပါ လက်လုပ်မိုင်း ၁ လုံးအားတွေ့ရှိခဲ့သဖြင့် တာဝန်ရှိသူများက သိမ်းဆည်းဖျက်ဆီးခဲ့ကြောင်း သိရသည် ။

Telegram»…
https://t.me/positiveanglenews

PAN

KL #SZ