ရန်ကုန်-မော်လမြိုင်ခရီးသည်တင်ရထား ပဲခူးမြို့အဝင်တွင် ရထားလမ်းရေကျော်နေသဖြင့် ရပ်ထားရ


(ပြည်တွင်း) ဇူလိုင် ၂၉

၂၀၂၄ ခုနှစ် ဇူလိုင်လ ၂၈ ရက်နေ့ ညနေ ၆ နာရီအချိန်ခန့်က ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ကလိကျေးရွာအနီးရှိ ရထားသံလမ်းတွင် ရထား(၁)စီးရပ်တန့်ထားရကြောင်း သိရှိရ၍ တာဝန်ရှိသူများကသွားရောက် စစ်ဆေးမေး မြန်းခဲ့ရာ ရထားမှာ အမှတ်(၈၂) ရန်ကုန်-မော်လမြိုင်အစုန်ရထားဖြစ်ပြီး မော်လမြိုင်ဘက်မှ ရန်ကုန်ဘက်သို့ စက်ခေါင်းမောင်း ဦးမင်းလွင် မောင်းနှင်လာသော ရထားဖြစ်ကြောင်း သိရှိရသည်

မောင်းလာစဥ် အဆိုပါနေရာအရောက်တွင် ပဲခူးမြစ်ရေတက်နေမှုကြောင့် ဆက်လက်မောင်းနှင်မရတော့ပဲ ရပ်တန့်ထားရခြင်းဖြစ်ပြီး အဆိုပါရထားပေါ်တွင် ခရီးသည် (၅၀၂)ဦးခန့်ပါရှိကြောင်း လိုက်ပါလာသောခရီးသည်များအား ရန်ကုန်မြို့ရှိ လော်ကယ် Rpe မြို့ပတ်ရထားမှ လာကြိုမည်ဖြစ်ကြောင်းသိရသည်။

ပဲခူးမြစ်ရေကြီးမြှင့်လာမှုကြောင့် ရန်ကုန်-မန္တလေးကားလမ်းဟောင်း နှင့် မီးရထားလမ်းများတွင် ရေကျော်လျှက်ရှိပြီး ကားလမ်းမကြီးအား မြို့အဝင်တိုးဂိတ်မှစ၍ ယာဥ်ဖြတ်သန်းခွင့်အား ယာယီပိတ်ထားရကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN

AMT #SZ