ရခိုင်ကို တရားမဝင်ကုန်ပို့မယ့်သင်္ဘော ချောင်းသာတွင်ဖမ်းမိ


(ပြည်တွင်း) ဇူလိုင် ၂၉

ရခိုင်ပြည်နယ်ကို တရားမဝင်ကုန်စည်ပို့ဆောင်မည့် သင်္ဘောတစ်စင်းကို ချောင်းသာကမ်းခြေတွင် လုံခြုံရေးအဖွဲ့များမှ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

တရားမဝင်ကုန်စည်များအား ရခိုင်ပြည်နယ်သို့ပို့ဆောင်မည့် အဆိုပါသင်္ဘောအား ဇူလိုင်လ ၁ ရက်နေ့ နံနက် ၁၁ နာရီ ၄၅ မိနစ်အချိန်က ချောင်းသာမြို့ အမှတ်(၁)ရပ်ကွက် ကမ်းခြေတွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းသင်္ဘောပေါ်တွင် ကုန်ခြောက်များတင်ဆောင်ထားပြီး ရေလမ်းကြောင်းမှတဆင့် ရခိုင်ပြည်နယ်သို့မထွက်ခွာမှီလုံခြုံရေးအဖွဲ့များမှ သွားရောက်စစ်ဆေးခဲ့ကြရာ တရားမဝင်ကုန်စ္စည်းများဖြစ်ကြောင်း သိရှိရသည့်အတွက် သက်ဆိုင်သူများအား ဥပဒေနှင့်အညီအရေးယူနိုင်ရေး ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN

AMT #SZ