ယနေ့နေ့လည်ပိုင်း လာရှိုးမြို့သတင်း


(ပြည်တွင်း) ဇူလိုင် ၂၉

ယနေ့ နေ့လည်ပိုင်းတွင် ရှမ်းပြည်နယ်(မြောကိပိုင်း)၊ လားရှိုးမြို့၊ လားရှိးအကျဉ်းထောင်အနီး နယ်မြေရှင်းလင်းစစ်ကြောင်းနှင့် အကြမ်းဖက် MNDAA အဖွဲ့တို့ ထိတွေ့မှုဖြစ်ပွားပြီး လေကြောင်းပစ်ကူယူ၍ ပြန်လည်တိုက်ခိုက်ခဲ့ရကြောင်း သိရှိရသည်။

အလားတူ သာသနာ ၂၅၀၀ အနီးတွင် ထိတွေ့တိုက်ပွဲဖြစ်ပွားလျက်ရှိပြီး အ.ထ.က(၃) ဘက်ခြမ်းတွင်လည်း ပစ်ခတ်သံ များကြားနေရကြောင်း သတင်းအရင်းမြစ်များမှ သိရှိရပြီး၊ ရန်အောင်မြင်ဘုန်းကြီးကျောင်း တဝိုက်အား ရန်သူအင်အား ၂၀၀ ခန့်ချဉ်းကပ်လာသဖြင့် လေကြောင်းပစ်ကူဖြင့် ပြန်လည်ရှင်းထုတ်ခဲ့ရကြောင်း၊ လားရှိးတက္ကသိုလ်ကိုလည်း အကြမ်းဖက် MNDAA အဖွဲ့များ လာရောက်တိုက်ခိုက်သဖြင့် အပြန်အလှန်ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

နောက်ဆုံးရရှိ သတင်းတွေကတော့ လားရှိးရှိ လူနေအိမ်တွေမှာ ၁၀/၁၅ ယောက်မှ အစုလိုက် ဝင်ရောက်ပြီး အိမ်ရှင်တွေကို ဓားစာခံအဖြစ်ဖမ်းဆီးထားပြီးကာ Sniper ၊ စက်လက်တွေနဲ့ လမ်းဘက်ကို ထောက်ထားကြောင်း သိရသလို တပ်မတော်နှင့် ဒေသခံများမရှိတဲ့ နေရာများရှိ ရန်သူစုဖွဲ့ရာနေရာတွေကို Drone များ၊ လေယာဉ်များဖြင့် လိုက်လံဗုံးကြဲချေမှုန်းလျက်ရှိကြောင်း သိရှိရသည်။

Telegram»…
https://t.me/positiveanglenews

PAN

SZ