ဂိုလန်ကုန်းမြင့်ဒေသရှိ ဒုံးကျည်ကျရောက်မှုတွင် ၁၂ ဦးအထိ သေဆုံး

(နိုင်ငံတကာ)ဇူလိုင် ၂၉
အစ္စရေးနှင့် ဟစ်ဇ်ဘိုလာတို့၏ ပဋိပက္ခအကြား ဇူလိုင်လ ၂၇ ရက်နေ့က ဂိုလန်ကုန်းမြင့်ဒေသရှိ Majdal Shams ဒေသသို့ ဒုံးကျည်ကျရောက်ပေါက်ကွဲခဲ့ပြီး ကလေးငယ်တစ်ဦးအပါအဝင် ၁၂ ဦးသေဆုံးခဲ့ကြောင်းသိရသည်။
ဟစ်ဇ်ဘိုလာ ထိန်းချုပ်ထားသည့် နေရာများသို့ အစ္စရေးတပ်ဖွဲ့မှ ဒုံးကျည်များဖြင့် တိုက်ခိုက်ခဲ့ပြီးနောက် ယခု ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အစ္စရေးစစ်တပ်မှ အဆိုပါဖြစ်စဉ်မှာ ဟစ်ဇ်ဘိုလာအဖွဲ့က ကျူးလွန်ခြင်းဖြစ်ပြီး အစ္စရေးအနေဖြင့် “မျက်ကွယ်မပြုကြောင်း ဟစ်ဇ်ဘိုလာအနေဖြင့် ကြီးမားသည့် တန်ဖိုးအား ပြန်လည်ပေးဆပ်ရမည်ဟု ထုတ်ပြန်ထားသည်။
အစ္စရေးမှ စွပ်စွဲသော်လည်း ဟစ်ဇ်ဘိုလာအဖွဲ့က တိုက်ခိုက်မှုတွင် ၎င်းတို့ မပါဝင်ကြောင်း ငြင်းဆိုထားသည်။
ပါလက်စတိုင်းပြည်သူများအား အစ္စရေးစစ်တပ်မှ တိုက်ခိုက်ခဲ့ချိန်တွင် နှုတ်ဆိတ်နေခဲ့သည့် အမေရိကန်သည် အစ္စရေးဘက်မှ ထပ်မံရပ်တည်ခဲ့ပြီး အစ္စရေးနိုင်ငံသားများ အကြမ်းဖက်တိုက်ခိုက်မှုမှ ကာကွယ်ခွင့်ရှိကြောင်း နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်းကင်ကဆိုသည်။
ဂိုလန်ကုန်းမြင့်ဒေသသည် ၁၉၆၇ ခုနှစ် အစ္စရေး-အာရပ်စစ်ပွဲတွင် အစ္စရေးက တိုက်ခိုက်သိမ်းပိုက်ခဲ့သော်လည်း နိုင်ငံတကာအသိုင်းအဝိုင်းမှ ဆီးရီးယားနိုင်ငံ၏ အစိတ်အပိုင်းဖြင့်သာ အသိအမှတ်ပြုထားသည်။

PAN