ကတဲကျေး ရွာ အုပ်ချုပ်ရေးမှုးအား အကြမ်းဖက်သမားများက သေနတ်ဖြင့်ပစ်ခတ် သတ်ဖြတ်


(ပြည်တွင်း) ဇူလိုင် ၂၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ကတဲကျေးရွာ၌ ယနေ့နံနက် ၈ နာရီ ၄၀ မိနစ်အချိန်ခန့်က ကျေးရွာအုပ်ချုပ်ရေးမှူးအား အကြမ်းဖက် PDF ၂ ဦးမှ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားကြောင်း သိရသည်။

ဖြစ်စဥ်မှာ ကတဲကျေးရွာအုပ်ချုပ်ရေးမှူး ဦးခင်မောင်မြင့်၊ အသက် ၆၅ နှစ်၊ (ဘ)ဦးချစ်ဦး၊ ကတဲကျေးရွာ၊ ကျောက်ဆည်မြို့နယ်နေသူ(ပြည်ခိုင်ဖြိုးပါတီဝင်)မှာ ရွာမြောက်ဘက်ရှိလယ်ထဲမှ စက်ဘီးဖြင့် နေအိမ်သို့အပြန်လမ်းတွင် အမည်မသိအမျိုးသား ၂ ဦးမှ ဆိုင်ကယ် ၁ စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ၁ ချက် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများ၏ပြောဆိုချက်အရ သိရသည်။

အဆိုပါ အကြမ်းဖက်သမားများ၏ ပစ်ခတ်သတ်ဖြတ်မှုကြောင့် ဦးခင်မောင်မြင့်၏ ယာ-နားနောက်စိ ကျည်ဖောက်ဝင်ဒဏ်ရာ ၁ချက်ရရှိပြီး အခင်းဖြစ်နေရာတွင် သေဆုံးသွားကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN

ZN #SZ