အသင်းဟောင်းထံသို ပြန်လည်ရောက်ရှိခဲ့တဲ့ ဆက်ဆီနွန်


(အားကစား) ဇူလိုင် ၂၈

အင်္ဂလန်ယူ-၂၁ လက်ရွေးစင်ဟောင်း ဘယ်တောင်ပံကစားသမား ဆက်ဆီနွန် ဟာ စပါး အသင်းနဲ့ စာချုပ်ပြည့်ခဲ့ပြီးနောက် အသင်းဟောင်း ဖူလ်ဟမ်ဆီသို့ ၂ နှစ်စာချုပ်နဲ့ ပြန်လည် ပြောင်းရွှေ့ခဲ့ပါတယ်။

အသက် ၂၄ နှစ်အရွယ် ဆက်ဆီနွန် ဟာ ဖူလ်ဟမ်အကယ်ဒမီထွက် ကစားသမားဖြစ်ပြီး အသက် ၁၆ နှစ်အရွယ်မှာ ဖူလ်ဟမ်အသင်းအတွက် ပထမဆုံးပွဲထွက် ကစားခွင့် ရခဲ့တာဖြစ်ပါတယ်။

ဖူလ်ဟမ်အသင်းနဲ့အတူ ပွဲပေါင်း ၁၂၀ ကစားပေးခဲ့ပြီးနောက် ၂၀၁၉ မှာ စပါးအသင်းဆီကို ပေါင် ၂၅ သန်းနဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။

စပါးအသင်းမှာ ပုံမှန်ပွဲထွက်ခွင့်ရဖို့ ရုန်းကန်ခဲ့ရပြီး ၂၀၂၀-၂၁ ဘောလုံး ရာသီမှာ ဂျာမနီကလပ် ဟော့ဖန်ဟိမ်းအသင်းဆီကို အငှားနဲ့ ထွက်ကစားခဲ့ရပါတယ်။

စပါးအသင်းမှာ ရှိနေခဲ့တဲ့ ကာလအတွင်း ၅၇ ပွဲသာကစားခွင့်ရခဲ့တဲ့ ဆက်ဆီနွန်ဟာ စပါးအသင်းနဲ့ စာချုပ်သက်တမ်း မတိုးတော့ဘဲ အသင်းဟောင်းဖူလ်ဟမ်ဆီကို ပြန်လာဖိုဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN

SZ