အနာဂတ်နဲ့ပတ်သက်ပြီး မဆုံးဖြတ်ရသေးဘူးလို ပြောခဲ့တဲ့ ဂွါဒီယိုလာ


(အားကစား) ဇူလိုင် ၂၈

ရာသီကုန်မှာ အသင်းကနေထွက်ခွာမယ်လို့ သတင်းတွေထွက်ပေါ်နေပေမယ့် နည်းပြဘဝ အနာဂတ်နဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်မချရသေးကြောင်း မန်စီးတီးနည်းပြ ဂွါဒီယိုလာ က ပြောကြား သွားခဲ့ပါတယ်။

လာမယ့်ဘောလုံးရာသီအပြီးမှာ နည်းပြ ဂွါဒီယိုလာ နဲ့ မန်စီးတီးအသင်းတိုရဲ့ စာချုပ်သက်တမ်းက ကုန်ဆုံးမှာဖြစ်လို ဂွါဒီယိုလာ ရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး ပရိသတ်တွေကြားမှာ သတင်းတွေထွက်ပေါ်နေခဲ့တာ ဖြစ်ပါတယ်။

နည်းပြ ဂွါဒီယိုလာ အနေနဲ့ မန်စီးတီးအသင်းကို ၈ နှစ်ကျော်ကြာ ကိုင်တွယ်ခဲ့ပြီးနောက် အသင်းမှာဆက်နေဖိုထက် ထွက်ခွာဖို့ပိုများတယ်ဆိုပေမယ့် အသင်းကနေထွက်မယ်ဆိုတဲ့ ဆုံးဖြတ် ချက်မျိုးမရှိသေးဘူးလို့ နည်းပြ ဂွါဒီယိုလာကပြောပါတယ်။

မန်စီးတီးအသင်းအနေနဲ့ စာချုပ်သစ်အတွက် ကမ်းလှမ်းထားပေမယ့် ငြင်းပယ်တာမျိုးလည်း မလုပ်ရသေးသလို အသင်းနဲ့အနာဂတ် အတွက် သေချာစဉ်းစားနေ တယ်လို့ ဂွါဒီယိုလာ က ဆက်လက်ပြောကြားခဲ့ပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN

SZ