မားကိုစ်အလွန်ဆိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ မန်ယူအသင်း


(အားကစား) ဇူလိုင် ၂၈

မန်ယူအသင်းဟာ ဘာစီလိုနာအသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးပြီး အသင်းလက်မဲ့ဖြစ်နေတဲ့ စပိန်နောက်ခံကစားသမား မားကိုစ်အလွန်ဆို ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

အသက် ၃၃ နှစ်အရွယ်ရှိတဲ့ မားကိုစ်အလွန်ဆို ဟာ ပရီးမီးယားလိဂ်မှာ ချယ်လ်ဆီးအသင်း နဲ့အတူ ခြေစွမ်းပြခဲ့ဖူးသူဖြစ်ပြီး ၎င်းကို ပြောင်းရွှေ့ကြေးအလွတ်နဲ့ ခေါ်ယူနိုင်မှာဖြစ်လို လာလီဂါမှ အက်သလက်တီကိုအသင်းနဲ့ စီးရီးအေကလပ်အသင်းများကပါ စိတ်ဝင်စားနေကြောင်း သိရပါတယ်။

မန်ယူအသင်းကတော့ ဘယ်နောက်ခံလူများဖြစ်တဲ့ လုခ်ရှော နဲ့ လာမာစီယာ တိုဟာ ဒဏ်ရာ ပြဿနာရှိနေတဲ့အတွက် မားကိုစ်အလွန်ဆို ကို ခေါ်ယူလို့နေတာဖြစ်ပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN

SZ