ပဲခူးမြစ်ရေကြီးမှုကြောင့် ရေဘေးကယ်ဆယ်ရေးစခန်းများဖွင့်လှစ်ထားရ


(ပြည်တွင်း)ဇူလိုင် ၂၈

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့တွင် ပဲခူးမြစ်ရေကြီးမှုကြောင့် ယာယီရေဘေးကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ထားရကြောင်း သိရသည်။

ရေဘေးသင့်ပြည်သူများအား တိုင်းဒေသကြီးအစိုးရနှင့် လူမူကူညီကယ်ဆယ်ရေး ပရဟိတအဖွဲ့များမှ ဝိုင်းဝန်းကူညီကယ်ဆယ်ရေးလုပ်ဆောင်လျှက် ရှိသည်။

ပဲခူးမြစ်ရေသည် ဇူလိုင်လ ၂၈ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်အချိန်ခန့် တိုင်းထွာချက်များအရ (၉၉၀)စင်တီမီတာသို့ ရောက်ရှိနေပြီး ပဲခူးမြစ်၏ ပဲခူးမြို့ စိုးရိမ်ရေအမှတ်မှာ (၈၈၀)စင်တီမီတာ ဖြစ်ပြီး ယခုအခါ ပဲခူးမြို့နယ်အတွင်း၌ မိုးရေနှင့် ပဲခူးမြစ်ရေမြှင့်တက်ခဲ့မှုကြောင့် မြို့နယ်အတွင်းရှိ လူနေရပ်ကွက်/ကျေးရွာ အုပ်စု (၁၇)စုမှ ပြည်သူအိမ်ထောင်စု(၄၇၉၃)စုမှ လူဦးရေ (၁၈၂၁၀)ဦးအား မြို့နယ်အတွင်းရှိ ရေဘေးလွတ်ရာ ဘုန်းတော်ကြီးကျောင်းများ ၊ ဓမ္မာရုံများ၊ စာသင်ကျောင်းများတွင် ယာယီရေဘေးရှောင် ကူညီကယ်ဆယ်ရေးစခန်း (၂၇)ခုအားဖွင့်လှစ်ထားရှိပြီး မြို့အားရေမဝင်နိုင်ရန်အတွက် ကာရံထားသော ရေကာ တာများ ၊ ရေတံခါးများ ကြံ့ခိုင်မှုရှိစေရေး သဲဖို့ခြင်း ၊ မြေအိပ်များကာရံဖြည့်တင်းခြင်းတို့အား သက်ဆိုင်ရာမှ ဆောင်ရွှက်နေကြောင်း သိရသည် ။

Telegram»…
https://t.me/positiveanglenews

PAN

KL #SZ