ပုသိမ်ကြီးမြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦးအားအကြမ်းဖက် PDF အဖွဲ့မှ သေနတ်ဖြင့်ပစ်ခတ် သတ်ဖြတ်


(ပြည်တွင်း)ဇူလိုင် ၂၈

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ဘန့်ကွဲကျေးရွာအုပ်စု၊ ဘန့်ကွဲကျေးရွာ၌ ယနေ့နံနက် ၉ နာရီ ၅၀ မိနစ်အချိန်ခန့်က အမျိုးသားတစ်ဦးအား အကြမ်းဖက် PDF အဖွဲ့မှ သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်သွားကြောင်း သိရသည်။

ဖြစ်စဥ်မှာ ဦးညွန့်ဝေ၊ အသက် ၅၉ နှစ်၊(ဘ)ဦးကျော်၊ဘန့်ကွဲကျေးရွာ၊ ပုသိမ်ကြီးမြို့နယ်နေသူ(အုပ်ချုပ်ရေးမှုးဟောင်း)(ပြည်ခိုင်ဖြိုးပါတီဝင်)သည် နေအိမ် အောက်ထပ်ရှိ ခုံတန်းလျားပေါ်တွင်ထိုင်နေစဉ် အမည်မသိ လူငယ်အမျိုးသား ၅ ဦးခန့်မှ နေအိမ်အတွင်းသို့ လမ်းလျှောက်၍ ဝင်လာကာ ဦးညွန့်ဝေအား သေနတ်ဖြင့် ၃ ချက်ခန့် ပစ်ခတ်ခဲ့ပြီး ရွာလယ်လမ်းအတိုင်း မြောက်ဘက်သို့ ထွက်ပြေးသွားကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက်သမားများ၏ ပစ်ခတ်မှုကြောင့် ဦးညွန့်ဝေတွင် ဦးခေါင်း ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ယာဘက်နောက်ကြော ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝဲ-ရင်အုံ ဖောက်ဝင်ဒဏ်ရာ ၁ ချက်တို့ဖြင့် သေဆုံး​​​နေကြောင်း သိရသည်။

Webpage »…
https://positiveanglenews.com/2024/07/27/မွန်ပြည်နယ်-အနင်းကျေးရွ/

VK Link>>…
https://vk.com/wall-220066330_7299

Telegram»…
https://t.me/positiveanglenews

PAN

ZN #SZ