နေပြည်တော်တွင် အကြမ်းဖက်PDFအဖွဲ့နှင့် ဆက်နွယ်နေ့သည့် အမျိုးသားတစ်ဦးအား ဖမ်းဆီးရမိ

(ပြည်တွင်း)ဇူလိုင် ၂၈
နေပြည်တော် ၊တပ်ကုန်းမြို့နယ် ရန်-မန်းလမ်းမကြီး မိုင်တိုင်အမှတ် (၂၃၃) မိုင်အနီး၊ ကရင်ချောင်းကျေးရွာ၊ တပ်ကုန်းမြို့နယ်အတွင်း ဝင်/ထွက်ပေါက် လုံခြုံရေးဂိတ်တွင် လုံခြုံရေးပူးပေါင်းအဖွဲ့မှ မှုခင်းကျဆင်းရေးနှင့် ထိရောက် ကြိုတင်ကာကွယ်မှုများ ဖမ်းဆီးရမိရေးအတွက် ရပ်ကွက်ကျေးရွာ/အုပ်စုများအတွင်း လှည့်ကင်းတာဝန် ဆောင်ရွက်နေစဉ် အကြမ်းဖက်PDFအဖွဲ့နှင့် ဆက်နွယ်နေ့သည့် အမျိုးသားတစ်ဦးအား ဖမ်းဆီးရမိကြောင်း သိရသည်။

ယမန်နေ့ မွန်းတည့် ၁၂နာရီအချိန်ခန့်က တပ်ကုန်းမြို့ဘက်မှ အမြန်လမ်းဘက်သို့ မောင်းနှင်လာသော 84 W/ 47 980 Kamax အမျိုးအစား အဖြူ/အနက်ရောင် ဆိုင်ကယ်အား မောင်းနှင်လာသူ ကျော်ဇောမင်း(၂၀) နှစ်၊ (ဘ) ဦးမင်းအောင်၊ ထန်းတပင်ကျေးရွာ၊ လယ်ပြင်မအုပ်စု၊ တပ်ကုန်းမြို့နယ်နေသူအား လုံခြုံရေးပူးပေါင်းအဖွဲ့မှ စစ်ဆေးရာ ၎င်းကိုင်ဆောင်အသုံးပြုသော (၀၉ -၇၇၇၇၂၄၄၇၂) နှင့်(၀၉-၉၅၉၄၀၃၈၆၉) ဆင်းကဒ်နှစ်ကဒ်ပါ TACNO LF7 အမျိုးအစား အပြာရောင်ဖုန်းတွင် Kyaw Zaww Minn Face book Account : Facebook Massenger joj o ၀၉ ရက်နေ့တွင် Student Armed Force(ကျောင်း သားလက်ရုံးတပ်တော်) Page သို့  မင်္ဂလာပါဗျ ကျွန်တော် နေပြည်တော် တပ်ကုန်းမြို့ကပါ စစ်မှု ထမ်းဖို့ စိတ်ဆန္ဒမရှိပါဘူး . စစ်အာဏာရှင်ကိုလည်း အလိုမရှိပါဘူး တောခိုပြီး တော်လှန်ဖို့ စိတ်အားထက်သန်ပါတယ် ဟုလည်းကောင်း ၂၀၂၄ ဇူလိုင်၁ ရက်နေ့တွင် နွေဦးမေ(တော်လှန်ပန်း)အကောင့်သို့လည်းကောင်း၊ ဆက်သွယ်၍ PDF အကြမ်းဖက်သို့ ဝင်ရောက်ရန် အပြန်အလှန်စာများရေးသားထားရှိပြီး စကားပြောထားကြောင်း သိရသည်။

ဆက်လက်ပြီး ကျော်ဇောမင်းအား စစ်ဆေးရာ ၎င်းသည် စစ်မှုမထမ်းလိုခြင်း၊ တပ်မတော်မှ အာဏာထိန်းသည်ကို မလိုလားခြင်း၊ PDF အကြမ်းဖက် အဖွဲ့ဝင်များအား သဘောကျခြင်းတို့ကြောင့် PDF အကြမ်းဖက်မှန်း သိလျှက်နှင့် PDF အကြမ်းဖက်အဖွဲ့သို့ ဝင်ရောက်ရန် ဆက်သွယ်ခဲ့ခြင်းဖြစ်ကြောင်း ၊ ၎င်းကိုင်ဆောင်အသုံးပြုသော (၀၉-၇၇၇ ၇၂၄၄၇၂)နှင့်(၀၉-၉၅၉၄၀၃၈၆၉) ဆင်းကဒ်နှစ်ကဒ်ပါ TACNO LF7 အမျိုးအစား အပြာရောင်ဖုန်းအား သိမ်းဆည်းပြီး အကြမ်းဖက် အဖွဲ့အစည်းမှန်းသိလျှက်နှင့် PDF အကြမ်းဖက်အဖွဲ့သို့ ဝင်ရောက်ရန် Face book Massenger မှတစ်ဆင့် ဆက်သွယ်ခဲ့သူ ကျော်ဇောမင်းအား အကြမ်းဖက်မှုတိုက်ဖျက် ရေးဥပဒေပုဒ်မ- ၅၂(က) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

PAN

ZN