“ဆိုက်ဘာလုံခြုံရေးဥပဒေပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်နေ”


(ပြည်တွင်း)ဇူလိုင် ၂၈
ဆိုက်ဘာလုံခြုံမှုကို ဥပဒေနဲ့အညီ ထိန်းကျောင်းသွားနိုင်ရေးအတွက် ညွှန်ကြားချက်တွေ၊ လုပ်ထုံး လုပ်နည်းတွေ ပြည့်စုံစွာပါဝင်နိုင်မယ့် ဆိုက်ဘာလုံခြုံရေးဥပဒေကို ပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်နေတယ်လို့ ဇူလိုင်လ ၂၆ ရက်မှာပြုလုပ်တဲ့ e-Government ဦးဆောင်ကော်မတီအစည်းအဝေးမှာ ဦးဆောင်ကော်မတီ နာယကဖြစ်တဲ့ နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က ပြောကြားခဲ့ ပါတယ်။
နည်းပညာတွေ မြန်ဆန်စွာ ဖွံ့ဖြိုးတိုးတက်လာတာကြောင့် အကျိုးကျေးဇူးတွေရှိသလို တစ်ဖက် မှာလည်း ဆိုက်ဘာတိုက်ခိုက်မှု၊ ဆိုက်ဘာရာဇဝတ်မှုတွေ သိသိသာသာမြင့်တက်လာပြီး အစိုးရ အဖွဲ့အစည်းတွေအနေနဲ့ ဆိုက်ဘာလုံခြုံရေးနဲ့စပ်လျဉ်းတဲ့ အန္တရာယ်တွေနဲ့ ပိုမိုရင်ဆိုင်လာရတယ်လို့ ဆိုပါတယ်။
အဲဒါကြောင့် ဆိုက်ဘာလုံခြုံရေးအစီအမံတွေကို ထိရောက်စွာအကောင်အထည်ဖော်နိုင်ဖို့အတွက် ဆိုက်ဘာလုံခြုံရေးမူဝါဒကို ၂၀၂၃ ခုနှစ်မှာထုတ်ပြန်ခဲ့ပြီး ဆိုက်ဘာလုံခြုံရေးဥပဒေပြဋ္ဌာန်းနိုင်ရေးလည်း ဆောင်ရွက်နေတယ်လို့ နစကဥက္ကဋ္ဌ က ပြောကြားခဲ့ပါတယ်။
#PAN