အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် နှင့် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု တို ဂါဇာအပစ်အခတ်ရပ်စဲရေး ဆွေးနွေး


(နိုင်ငံတကာ) ဇူလိုင် ၂၇

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် နှင့် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟု တို့သည် ဇူလိုင်လ ၂၅ ရက်က အိမ်ဖြူတော်တွင်တွေ့ဆုံခဲ့ပြီး ဂါဇာတွင် အပစ် အခတ်ရပ်စဲရေး သဘောတူညီမှုရရှိရန် ကြိုးပမ်း နေမှုများနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပဋိပက္ခများ ဖြေရှင်းနိုင်ရေး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အမေရိကန်သမ္မတ ဘိုင်ဒင် အစ္စရေးသို့ သွားရောက်ခဲ့ပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ခေါင်းဆောင်နှစ်ဦး လူချင်းတွေ့ဆုံကြခြင်းဖြစ်သည်။

အပစ်အခတ်ရပ်စဲရေးနှင့် ပတ်သက်၍ အစ္စရေးနှင့် ဟားမားစ်တိုကြား ကွာဟချက်များရှိနေသော်လည်း သဘောတူညီချက်တစ်ခု ရရှိရန် ယခင်ကထက် ပို၍ နီးကပ်လာပြီဖြစ်ကြောင်း အိမ်ဖြူတော်အမျိုးသားလုံခြုံရေး ဆက်သွယ်ရေးအကြံပေး ဂျွန်ကာဘီ က ဆက်လက်ပြောကြားခဲ့သည်။

ခေါင်းဆောင်များသည် ဟားမားစ်တို့ ဖမ်းဆီးထားသည့် အမေရိကန်ဓားစာခံများ၏ မိသားစုဝင်များနှင့်လည်း တွေ့ဆုံခဲ့သည်။ ထို့နောက် နေတန်ယာဟု သည် ဒုတိယသမ္မတ ကာမလာဟားရစ် နှင့်လည်း တွေ့ဆုံခဲ့သည်။

ဘိုင်ဒင် နှင့် ကာမလာဟားရစ် တို့ကြား အပြည့်အဝညီညွတ်မှုကို အစ္စရေးအနေဖြင့် တွေ့မြင်ရမည်ဖြစ်ကြောင်း အမေရိကန်အဆင့်မြင့် အရာရှိကြီးတစ်ဦးက ပြောကြားခဲ့သည်။

Telegram»…
https://t.me/positiveanglenews

PAN

#SZ