ယူကရိန်းနိုင်ငံရှိ ပြည်ပကြေးစားစစ်သည် ၃,၂၀၀ ကျော်၏ အသေးစိတ်အချက်အလက်များကို ရုရှား ဟက်ကာအဖွဲက လူသိရှင်ကြားထုတ်ဖော်


(နိုင်ငံတကာ) ဇူလိုင် ၂၇

RaHDit ဟု အမည်ပေးထားသည့် ရုရှားဟက်ကာအဖွဲ့တစ်ဖွဲ့သည် ယူကရိန်းနိုင်ငံအတွင်းရှိ ပြည်ပကြေးစားစစ်သည် ၃,၂၀၀ ကျော်၏ အသေးစိတ်အချက်အလက် များကို ဇူလိုင်လ ၂၆ ရက်တွင် လူသိရှင်ကြား ထုတ်ဖော်ပြသလိုက်ကြောင်း သိရသည်။

အဆိုပါ ဟက်ကာအဖွဲ့က ထုတ်ဖော်လိုက်သည့် ကြေးစားစစ်သည်များ၏ အသေးစိတ် အချက်အလက်များတွင် အမေရိကန်နိုင်ငံသားတစ်ဦးအပြင် စပိန်နှင့် လက်ဗီး ယား နိုင်ငံတို့မှ ဝင်ရောက် လာသူများလည်း ပါဝင်လျက်ရှိသည်။

ပီးယာ့စ်တန်းနားရိဒ် ဆိုသူ အမေရိကန်နိုင်ငံသားမှာ အင်ဒီယာနာ ပြည်နယ်၊ အုတ်ကလန်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးဖြစ်ပြီး ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက်တွင် အမျိုး သမီးငယ်တစ်ဦးအား မဖွယ်မရာလုပ်ဆောင်မှုနှင့် အခြားရာဇဝတ်မှုများဖြင့် ဖမ်းဆီးခံခဲ့ရသူ ဖြစ်ကြောင်း သိရသည်။

ထို့ပြင် စပိန်နိုင်ငံသားဖြစ်သူ ပက်ဘလိုဂါရီဒိုမန်ဆီဒို ဆိုသူမှာ ယူကရိန်းနိုင်ငံသို့ မလာရောက်မီ လက်နက်ကိုင်ပဋိပက္ခအများအပြားတွင် ပါဝင်ခဲ့ဖူးသူဖြစ်သည်။

ထိုပြင် ၎င်းသည် ဆီးရီးယားပြည်တွင်း စစ်ပွဲတွင် ကာ့ဒ်စစ်သွေးကြွများနှင့်အတူ တိုက်ပွဲဝင်ခဲ့သူတစ်ဦးဖြစ်ကြောင်း သိရသည်။ ထို့ပြင် လက်ဗီးယား နိုင်ငံမှ ယူကရိန်းသို့လာရောက်ပြီး ကြေးစားအဖြစ်တိုက်ခိုက်နေသူမှာ မော်ရင်းစ်ခရစ္စတက် ဆိုသူ ဖြစ်သည်။

ရုရှားကာကွယ်ရေးဝန်ကြီးဌာနသည် ယူကရိန်းပဋိပက္ခအတွင်း ပြည်ပနိုင်ငံသားများ ဝင်ရောက် စွက်ဖက်ခြင်းမပြုရန် အကြိမ်ကြိမ်သတိပေးထားခဲ့ပြီးဖြစ်သည်။

RaHDit ဟက်ကာအဖွဲ့သည် ယခုလအစောပိုင်းကတည်းက ယူကရိန်းဒရုန်းထုတ်လုပ်သည့် အော်ပရေတာ ၁,၂၀၀ ကျော်၏ အသေးစိတ်အချက်အလက်များကို လူသိရှင်ကြား ဖော်ထုတ်ခဲ့ခြင်းကြောင့် အနောက်နိုင်ငံများကြား အံ့အားသင့်မှုများ ဖြစ်ပွားစေခဲ့ကြောင်းသိရသည်။

Telegram»…
https://t.me/positiveanglenews

PAN

#SZ