မွန်ပြည်နယ် အနင်းကျေးရွာ၌ လေဆင်နှာမောင်းတိုက်ခတ်မှုဖြစ်ပွားရာ လူနေအိမ် ၁၀၀ ခန့်ပျက်စီး


(ပြည်တွင်း) ဇူလိုင် ၂၇

ယမန်နေ့ ညနေ ၃ နာရီအချိန်ခန့်တွင် အနင်းကျေးရွာ၌ လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် လူနေအိမ် ၁၀၀ အိမ်ခန့် အမိုးလှန်ခြင်း၊ ကျေးရွာအတွင်းရှိ ဓါတ်တိုင်များပြိုလဲခြင်းများ ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

အဆိုပါ လေဆင်နှာမောင်းတိုက်ခတ်သည့် နေရာများသို့ ဒေသခံလုံခြုံရေးအဖွဲ့များက သွားရောက်စစ်ဆေးရာ လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် အနင်းကျေးရွာ လမ်းဘေးရှိ ဓါတ်မီးတိုင်(၄)တိုင်၊ ဈေးတန်းနှင့် လူနေအိမ်များမှ သွပ်(၅၀၀)ချပ်ခန့်၊ စုစုပေါင်းကာလ တန်းဖိုးသိန်း(၁၀၀)ကျပ်ခန့် ပျက်စီးဆုံးရှုံးသွားပါကြောင်းနှင့် ဦးချစ်စိန် (၇၀)နှစ်၊ (ဘ)ဦးစိန်သီး၊ မွန်/ဗုဒ္ဓ၊ မပတ(ရှိ/မမှတ်မိ)၊ အစေ့လှီး၊ အနင်း ကျေးရွာ၊ သံဖြူဇရပ်မြို့နယ်နေသူမှာ ယာဘက်ခြေသလုံးရိုးကျိုးဒဏ်ရာ(စိုးရိမ်ရ) ရရှိသဖြင့် ဆေးကုသမှုခံယူရန်အတွက် အနင်းကျေးရွာပရဟိတအဖွဲ့မှ ၎င်းတို့၏မော်တော်ယာဉ်ဖြင့် မော်လမြိုင်ပြည်သူ့ဆေးရုံကြီးသို့ လိုက်ပါပို့ဆောင်ပေးခဲ့ပြီး ဆေးကုသမှုခံယူလျက်ရှိပါကြောင်း သိရှိပါသည်။

Telegram»…
https://t.me/positiveanglenews

PAN

GE #SZ