မြောင်းမြ-အိမ်မဲသွားကားလမ်းတွင် အရက်သေစာသောက်စားမူးယစ်မောင်းနှင်မှုကြောင့် မော်တော်ယာဥ်တစ်စီးတိမ်းမှောက်မှုဖြစ်ပွားပြီး ယာဥ်မောင်းဖြစ်သူရေနစ်သေဆုံး


(ပြည်တွင်း)ဇူလိုင် ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ သပြေချောင်ကျေးရွာ/အုပ်စုအနီးတွင် ယမန်နေ့ မွန်းတည့် ၁၂နာရီ ၁၅မိနစ်အချိန်ခန့်က Honda Fit အမျိုးအစား အပြာရောင် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မြောင်းမြ-အိမ်မဲသွားကားလမ်း၊ မိုင်တိုင်အမှတ်(၅၆/၄)နှင့် (၅၆/၅)ကြားတွင် မြောင်းမြဘက်မှအိမ်မဲ့ဘက်သို့ ယာဉ်မောင်း ဟိန်းသက်ကိုကို၊ ၂၇ နှစ်၊ (ဘ)ဦးမြင့်နိုင်၊ ရွာသစ်ကျေးရွာအုပ်စု၊ မြောင်းမြမြို့နယ်နေသူ မောင်းနှင်သည့် ယာဉ်အမှတ် YGN-6/2E-3438 Honda Fit အမျိုးအစား အပြာရောင်မော်တော် ယာဉ်မှာ မိုးသည်းထန်စွာရွာသွန်းပြီး အရက်သေစာသောက်စားမူးယစ်မောင်းနှင်မှုကြောင့် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ဝဲဘက်ရှိ ရေမြောင်းထဲသို့ ထိုးကျသွားခဲ့ ကြောင်း သိရသည်။

အဆိုပါမော်တော်ယာဉ်အား သက်ဆိုင်ရာတာဝန်ရှိသူများမှ ပြန်လည်ဆယ်ယူခဲ့ရာ ယာဉ်မောင်း ဟိန်းသက်ကိုကိုမှာ ခန္ဓာကိုယ်တွင် ပြင်ပဒဏ်ရာတစ်စုံ တစ်ရာမရှိဘဲ မော်တော်ယာဉ်ထဲတွင် ရေနစ်သေဆုံးနေကြောင်း၊ ယာဉ်တိမ်းမှောက် မှုကြောင့် မော်တော်ယာဉ်မှာ ရှေ့ဘန်ကာပြုတ်ထွက်၊ ဝဲ/ယာနောက်ကြည့်မှန်ပျက်စီး၊ လေကာ မှန်ကွဲပြီး၊ ခေါင်မိုးပိန်ချိုင့်ခဲ့ကာကာလတန်ဖိုးငွေ(၇)သိန်းကျပ်ခန့် ပျက်စီးဆုံးရှုံးခဲ့ပြီး သေဆုံး သူ ဟိန်းသက်ကိုကို၏ အလောင်းအား မြောင်းမြပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိခဲ့ကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN

ZN #SZ