မြန်အောင်မြို့နယ်၊ ကြက်သွန်ခင်းအုပ်စုနှင့် ကညွတ်ကုန်းအုပ်စုတို့ ဆက်သွယ်ထားသော အရှည်ပေ ၁၂၀ ရှိတံတားမှာ မမြချောင်းရေစီးဆင်းလာမှုကြောင့် ရေစီးနောက်ပါသွားနိုင်


(ပြည်တွင်း) ဇူလိုင် ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်၊ ကြက်သွန်ခင်းအုပ်စုနှင့် ကညွတ်ကုန်းအုပ်စုတို့ ဆက်သွယ်ထားသော အရှည်ပေ ၁၂၀ ရှိတံတားမှာ ယနေ့ရက်နေ့တွင် မမြချောင်းရေစီးဆင်းလာမှုကြောင့် ရေစီးနောက်ပါသွားနိုင်ကြောင်း သိရှိရသည်။

၎င်း တံတားအား ရေစီးနောက် ပါမသွားစေရန် ကျေးရွာတာဝန်ရှိသူများမှ ကြိုးဖြင့်ဆွဲကာ ထိန်းသိမ်းထားကြရန် ဆောင်ရွက်နေကြကြောင်း သိရသည်။

ချောင်းရေများမြင့်တက် လာမှုကြောင့် မြေနှိမ့်ပိုင်းတွင် စိုက်ပျိုးထားသော စပါးခင်းများ ကြံခင်း၊ မြန်အောင်နှင့် အင်္ဂပူမြို့နယ်တို့တွင် ရေများနစ်မြုတ်လျက်ရှိကြောင်း သိရှိရပါသည်။

Telegram
https://t.me/positiveanglenews

PAN

#SZ