မင်္ဂလာဒုံမြို့နယ်တွင် အုတ်နံရံပြိုကျရာမှ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရ


(ပြည်တွင်း) ဇူလိုင်၂၇

ယနေ့ နံနက် ၁၁ နာရီခွဲအချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ် တောင်ပိုင်းရပ်ကွက်ရှိ ပိတောက်အပိုင် သီရိမြိုင်လမ်းရှိ ပုပ္ပါးကျောင်း အုတ်နံရံပြိုလဲကြရာ အမျိုးသမီးတစ်ဦးပေါ် ပိမိသဖြင့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ အုတ်နံရံပြိုကျမှုကြောင့် သီရိမြိုင်လမ်းနေ ဒေါ်ခင်သန်းရီအသက် ၆၃ နှစ်အားအုတ်နံရံ ပြိုလဲပိမိရာ ညာပေါင်ကျိုး ဘယ်ခြေကျင်းဝတ်ကျိုးပြီး ခေါင်းပေါက်ဒဏ်ရာရရှိရာ ထောက်ကြန့်လူနာတင်ကားဖြင့် မေဒါဝီဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN

ZN #SZ