ဘားအံ-သထုံ သွားကားလမ်းမပေါ် နောင်ကျန်ရွာအနီးရှိ Top Power ဆီဆိုင်အား KNU/PDF အကြမ်းဖက်အဖွဲ့များမှ မိုင်းခွဲဖျက်စီး


(ပြည်တွင်း) ဇူလိုင် ၂၇

ကရင်ပြည်နယ်၊ ဘားအံ-သထုံ သွားကားလမ်းမပေါ် နောင်ကျန်ရွာအနီးရှိ Top Power ဆီဆိုင်အား KNU/PDF အကြမ်းဖက်အဖွဲ့များမှ ယနေ့နေ့လည် ၁ နာရီအချိန်ခန့်တွင် မိုင်းခွဲဖျက်စီးခဲရကြောင်း သိရှိရသည်။

KNU တပ်မဟာ(၁)လက်အောက်ခံ တပ်ရင်း(၁)မှ ဒုရင်းမှူးအဆင့်ရှိ ရဲမင်းပိုင် ဦးစီး PDF အကြမ်းဖက်အဖွဲ့များက ဘားအံ-သထုံ သွားကားလမ်းမပေါ် နောင်ကျန်ရွာအနီးရှိ Top Power ဆီဆိုင်အား မိုင်းခွဲဖျက်စီးခဲ့ရာ အဆောက်အဦနှင့် ဆီထည့်ပန့်များပျက်စီးသွားပြီး လူထိခိုက်မှုမရှိကြောင်း သိရှိရသည်။

၎င်း ဆီဆိုင်သည် လွန်ခဲ့သော(၄)လခန့်က ပိတ်ထားသောဆိုင်ဖြစ်ပြီး အစောင့် ၂ ဦးသာ ထားရှိကြောင်း သိရှိရသည်။

Telegram»…
https://t.me/positiveanglenews

PAN

AMT #SZ