ပဲခူးမြို့တွင် ဝိုင်ဖိုင်ကြိုးတက်ရောက်ပြုပြင်ရာမှ အမျိုးသားတစ်ဦးဓာတ်လိုက်သေဆုံးခဲ့


(ပြည်တွင်း) ဇူလိုင် ၂၇

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ စက်မှုလက်မှုသိပ္ပံကျောင်းရှေ့တွင် ဇူလိုင်လ (၂၇)ရက်နေ့ ညနေပိုင်း Wifi ကြိုးပျက်ကျနေသည်ကို တက်ရောက် ပြုပြင်ရာမှ အမျိုးသားတစ်ဦး ဓာတ်လိုက်၍ သေဆုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှာWifi ကြိုးပြတ်ကျနေသဖြင့် MPTရုံးမှ သန်းဇော်နိုင်ဦး ကြည်တော်ကုန်း(၅)လမ်း၊ နန်းတော်ရာရပ်ကွက်နေသူနှင့် နှင့် မြတ်ကိုကို ရွှေဝါလမ်း၊ မြို့သစ် (က)ရပ်ကွက် ပဲခူးမြို့နေသူ ၂ ဦးတို့မှ လာရောက်ပြုပြင်ခဲ့စဥ် သန်းဇော်ဦးနိုင် သည် လှေကားဖြင့် လျှပ်စစ်မီးတိုင်ပေါ်သို့ တက်ရောက်ပြုပြင်နေစဉ် လှေကား အောက်တွင်ရှိနေသော မြတ်ကိုကိုမှ တိုင်ပေါ်တက်နေသူ သန်းဇော်ဦးနိုင်၏ အော်သံကြားသဖြင့် မော့ကြည့်လိုက်ရာ သန်းဇော်ဦးနိုင်မှာ ဓာတ်လိုက်နေကြောင်းတွေ့ ရှိခဲ့သဖြင့် လှေကားအား ဆွဲခွာလိုက်ရာ လှေကားမှာ လျှပ်စစ်ဓာတ်စီးဝင်နေသဖြင့် မြတ်ကိုကို မှာ နောက်သို့ပက်လက်လန်၍ လဲကျသွားခဲ့ပြီး သန်းဇော်ဦးနိုင်မှာ အောက်သို့ ပြုတ်ကျသွားခဲ့သည်။

အနီးရှိပြည်သူများမှ သန်းဇော်ဦးနိုင်အား ပဲခူးပြည်သူ့ဆေးရုံသို့ ပို့ဆောင်စဉ် လမ်း၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN

#SZ